Monday 24 February 2014

Cydia icon ကို iOS 7 စတိုင် Cydia icon ဒီဇိုင်းပြောင်းနည်း

naingoomon.blogspot.com

iOS 7 မှာ Jailbreak ရသွားပြီဖြစ်ပေမယ့် Cydia icon ဒီဇိုင်းကတော့ iOS 7 ရဲ့အသွင်အပြင်နဲ့လိုက်ဖက်ညီခြင်းမရှိသေးပါဘူး ။ ဒီတော့ မိမိတို့ရဲ့ Jailbreak လုပ်ထားပြီးသား iPhone/Pad/Pod touch တွေရဲ့ Cydia icon လေးကို iOS 7 flat UI ဒီဇိုင်းနဲ့ Cydia icon လေးအဖြစ်ပြောင်းလဲနည်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းကို iclarified.com မှဖတ်ရှုလုပ်ဆောင်အောင်မြင်ထားတဲ့အတွက် iclarified ကနည်းကိုပဲ Myanmar Mobile App Store ရဲ့ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုပါ။
ဒီနည်းလမ်းကိုလုပ်ဆောင်၇န်အတွက် မိမိတို့ရဲ့ iDevices သည် Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်။
အရင်ဆုံး မိမိတို့ iDevices ရဲ့ Home Screen ပေါ်က Cydia icon ကိုနှိပ်ပြီး Cydia ထဲသို့ဝင်ပါ။



Selection ဆိုတဲ့ Tab ထဲကိုနှိပ်ပြီးဝင်ပါ။



Selection ဆိုတဲ့ List ထဲက System folder ထဲကိုဝင်ပါ။




System folder ထဲကိုရောက်ပြီဆိုရင် iFile ထဲကိုဝင်ပါ။


Screen ရဲ့ညာဘက်ထိပ်ဆုံးနားက Install ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။ ပြီးလျှင် Confirm ကိုနှိပ်၍ install လုပ်လိုက်ပါ။




(အကယ်၍ System folder ထဲက iFile ကို သွင်းရတာအဆင်မပြေဘူးဆိုလျှင် နောက်ထပ် Cydia Source တစ်ခုဖြစ်တဲ့ thethmuswe.myrepospace.com ကို add ပြီး ယင်း repo ထဲကနေလည်း iFile ကိုရယူနိုင်ပါတယ်) iFile ကို installation လုပ်လို့ပြီးသွားပြီဆိုရင်တော့ Return to Cydia ကိုနှိပ်ပြီးပြန်ထွက်ပါ။




ပြီးလျှင် Home Screen ပေါ်ထိပြန်ထွက်ပြီး Safari Browser ထဲသို့ဝင်ပါ။ ပြီးလျှင် Safari browser ရဲ့ address bar တွင် http://www.iclarified.com/files/cydia/cydia-icon.zip ဟူ၍ ရိုက်ထည့်ပါ။ ပြီးလျှင် keyboard ပေါ်က Go ကိုနှိပ်ပါ။



ညာဘက်ထိပ်ဆုံးနားက Open in iFile ကိုနှိပ်ပါ။



iFile ထဲသို့ရောက်သွားပြီဆိုလျှင် Unarchiever ကိုနှိပ်ပြီး ခုနတုန်းက download လုပ်ခဲ့တဲ့ ဇစ်ဖိုင်လေးကိုဖြည်ပါ။



ဇစ်ဖိုင်ကိုဖြည်လိုက်တဲ့အခါ Cydia Icon All Devices ဆိုတဲ့အမည်နဲ့ Folder လေးတစ်ခုရလာပါတယ်။ ယင်း Folder ထဲသို့ဝင်ပါ။



Edit Button လေးကိုနှိပ်ပြီး Folder ထဲမှာပါတဲ့ icon file တွေအကုန်လုံးကို select လုပ်ပါ။



ညာဘက်ဒေါင့် အောက်ဆုံးနားက ClipBoard ခလုတ်လေးကိုနှိပ်၍ Copy/Link ကိုနှိပ်ပါ။



ပြီးလျှင် လက်ရှိရောက်နေတဲ့ Cydia Icon All Devices folder ထဲကနေ iFile ရဲ့ Main Directory (root (‘/’))ထဲထိရောက်အောင်ပြန်ထွက်ပါ။ Root Directory (root (‘/’)) ထဲကိုရောက်ပြီဆိုရင် Applications ဆိုတဲ့ Folder ထဲကိုဝင်ပါ။ ပြီးရင် Cydia.app ထဲကိုဝင်ပါ။



Cydia.app ထဲကိုရောက်ပြီဆိုလျှင် icon ဖိုင်တွေရှိတဲ့နေရာကို Scroll ဆွဲပါ။ icon ဖိုင်တွေကိုနာမည်ပြင်ရပါမယ်။ ပြင်ရမယ့် icon ဖိုင်တွေကတော့ ပုံထဲမှာပြထားတဲ့အတိုင်း icon-72.png ကနေ iconClassic.png အထိပါ။ ဘယ်လိုပြင်ရမလဲဆိုတော့ icon တစ်ခုချင်းစီရဲ့ဘေးက မြှားတွေထဲကိုဝင်ပြီး icon နာမည်တွေရဲ့နောက်မှာ .bak တွေလိုက်ထည့်ပေးရမှာပါ။ icon ဖိုင်တစ်ခုချင်းစီကိုအဲဒီလိုလိုက်လုပ်ပါ။



ပြီးရင်တော့ ညာဘက်ထိပ်ဆုံးက Edit ခလုတ်ကိုနှိပ်ပြီး ညာဘက်အောက်ခြေနားက ClipBoard ခလုတ်လေးကိုနှိပ်ပါ။ ပြီးရင် Paste ကိုနှိပ်ပါ။ ပြီးလျှင် Done ကိုနှိပ်ပါ။ ဖုန်းကိုပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။



ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ Home Screen ပေါ်က Cydia icon နေရာမှာ အခုအသစ်ထည့်ခဲ့တဲ့ iOS 7 စတိုင် Cydia icon လေးနဲ့လန်းနေပြီဖြစ်ပါတယ်။


အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

No comments: