Friday 14 June 2013

How to make Windows 7 Startup Faster


ဒီနည်းက ဝင်းဒိုးအတက် Startup ကို မြန်အောင်လုပ်တဲ့ နည်းတွေထဲက တခုပါပဲ..။ ဒီထဲက လုပ်နည်း အနည်းငယ်လို အရင်တုန်းက ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ စက်ဖွင့်ဖွင့်ချင်း ဆော့ဝဲလ် Update ဘောက်စ်များ အတက်ရလေအောင်၊ မပွင့်ရလေအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ..။ အဲ့ဒီပိုစ့်မှာ အခုဒီပိုစ့်လောက် လုပ်နည်းတွေ မစုံခဲ့ပါဘူး..။ ဒီပိုစ့်မှာတော့ နောက်ပိုင်းမှ ထပ်သိခဲ့ရတာလေးတွေကို ပေါင်းထည့်ပေးထားလို့ အရင်ပိုစ့်ထက် ပိုစုံတယ်လို့ ပြောလို့ရပါတယ်..။ မနေ့တနေ့က Cbox မှာမေးထားတဲ့ အစ်ကိုတစ်ယောက်လို ကွန်ပျူတာ ဖွင့်ဖွင့်ချင်းမှာ ပေါ်လာတဲ့ ဘောက်စ်တွေကို ပိတ်ချင်တယ်ဆိုရင်တော့ ဒီနည်းနဲ့ပဲ ပိတ်တာပါ..။ 
ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် ဝင်းဒိုးအတက်မှာ အရင်ကထက် ပိုမြန်ပါလိမ့်မယ်..။ ဘာလို့လဲဆိုတော့ ဝင်းဒိုးဟာ Desktop ကို ခင်းကျင်းနေတဲ့အချိန်မှာ ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကိုပါ လိုက်ပြီး ဆွဲထုတ်ခင်းကျင်းနေရရင် အချိန်ပိုပေးရလို့ ပိုပြီး ကြာပါတယ်..။ ဒီနည်းနဲ့ Startup မှာရှိနေတဲ့ ပရိုဂရမ်တွေကို Disable ပေးထားလိုက်ရင် ဝင်းဒိုးအတက် မြန်လာပါတယ်..။ နောက်တခုက ဝင်းဒိုးထဲမှာ မရှိမဖြစ်လိုအပ်တဲ့ Microsoft Services တူးတွေနဲ့ Intel Services တူးတွေကိုတော့ Enable (အမှန်ခြစ်ပေး) ပေးထားရပါမယ်..။ အဲ့ဒီအဓိက Tools တွေကို Disable ပေးမိရင်တော့ မိမိတို့ရဲ့ စက်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်..။ ဒါကြောင့် အမှန်ခြစ်ပေးရမယ့် နေရာတွေနဲ့ အမှန်ခြစ်ဖြုတ်ရမယ့် နေရာတွေကို အောက်ကပုံလေးတွေအတိုင်း သေချာ ဂရုစိုက်ပြီး ကြည့်စေချင်ပါတယ်..။ သေချာလိုက်မှတ်စေချင်ပါတယ်..။ တခုခုအမှားဖြစ်သွားတဲ့အခါ အဲ့ဒီနေရာတွေမှာပဲ ပြန်ဆန်းစစ်ကြည့်ရင် အဖြေမှန်ကို ပြန်ရပါလိမ့်မယ်..။ နောက်တခုက မိမိတို့ကွန်ပျူတာမှာ ပါတဲ့ ဦးနှောက်အရေအတွက်ကို တိုးပြီး အသုံးပြုရင်လည်း စက်ကို မြန်စေပါတယ်..။ ဦးနှောက်ကို ပိုအသုံးပြုတဲ့အတွက် Error တွေကိုလည်း နည်းစေပါတယ်..။ နောက်ပြီး ဝင်းဒိုးထဲမှာပါတဲ့ အဓိက Tools တွေအားလုံးနီးပါးကို ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့ အလွယ်တကူ ဖွင့်ပြီး ဝင်ကြည့် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

အရင်ဆုံး မိမိတို့ရဲ့ ကီးဘုတ်မှ Windows Logo + R နဲ့ Run ဘောက်စ်ကို ဖွင့်ပြီး msconfig လို့ရိုက်ထည့်ပြီး OK (or) Enter ပေးလိုက်ပါ..။




အပေါ်ပုံတွေမှာ ပြထားတဲ့အတိုင်း Startup ကိုအရင်သွားပြီး Disable all ကိုနှိပ်လိုက်ပါ..။ အမှန်ခြစ်တွေ ပျောက်သွားပါလိမ့်မယ်..။
 ပြီးရင်တော့ အောက်ကပုံအတိုင်း Intel Corporation နဲ့ Microsoft Corporation တို့လို စာကြောင်းတွေနဲ့ Bluetooth Software တို့လို မူရင်း Driver တွေရဲ့ တူးတွေနေရာမှာ အမှန်ခြစ်လေးတွေ ရွေးပေးလိုက်ပါ..။ ဘာလို့လဲဆိုတော့ ဝင်းဒိုးတက်တဲ့အချိန်ကစပြီး ဒီကောင်လေးတွေက မဖြစ်မနေ အလုပ်လုပ်ရမယ့် ကောင်လေးတွေမို့လို့ပါပဲ..။ ဒါကြောင့် အမှန်ခြစ်ရွေးပြီး ပေးလိုက်ပါတယ်..။


Windows 8 အသုံးပြုသူများအတွက်ကတော့ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါ..။



Microsoft Corporation ဆိုရင်တော့ Enable ပေးထားခဲ့ပါ..။ ကျန်တဲ့ ဆော့ဝဲလ်တွေဆိုရင်တော့ Disable ပေးခဲ့လိုက်ပါ..။ အပေါ်ပုံ..
အောက်ကပုံကတော့ Boot နေရာကို ဝင်လိုက်ရင်.. စက်ဖွင့်ဖွင့်ချင်းမှာ Windows 7 နဲ့ ပေါ်ချင်တယ် ဆိုရင်တော့ အပြာရောင်နဲ့ ပြထားတဲ့ထဲက Windows 7 စာကြောင်းကို တချက်ကလစ်ပြီး Set as default ကိုနှိပ်ပေးလိုက်ပါ..။ W8 နဲ့ ပါဝါအဖွင့်မှာ တက်ချင်တဲ့ သူများကတော့ Windows 8 စာကြောင်းကို တချက်ကလစ်ပြီး Set as default ကို နှိပ်ပေးလိုက်ပါ..။ မိမိတို့ ပေါ်စေချင်၊ အရင်တက်စေချင်တဲ့ ဝင်းဒိုးကို ဒီနေရာမှာ ရွေးလို့ရတယ်ဆိုတဲ့ သဘောပါပဲ..။ အခုကျနော့်စက်မှာတော့ W8 နဲ့ ပါဝါအဖွင့်မှာ တက်အောင် လုပ်ထားတာမို့ Windows 8 (C: \Windows) : Current OS; Default OS လို့ ပေါ်နေတာပါ..။ W7 နဲ့ တက်အောင် လုပ်ထားရင်တော့ Default OS က Windows 7 စာကြောင်းနေရာမှာ ရောက်နေပါလိမ့်မယ်..။ Timeout မှာတော့ ဝင်းဒိုး၂ခု ရွေးလို့ရအောင် 10 seconds လောက်ဆိုရင် ရပါပြီ..။ စိတ်ကြိုက်ဖြစ်ရင် Apply >> OK ပေးပါ..။ ဒါပေမယ့် မပြီးသေးပါဘူး..။ အောက်မှာ ဆက်ကြည့်ပါအုန်း..။


နောက်တဆင့်ကတော့ Services နေရာကို ဝင်ပြီး အောက်ကပုံအတိုင်း တဆင့်ချင်းစီ လုပ်ပေးပါ..။ ဒီအဆင့်မှာ မှားလုပ်မိရင်တော့ စက်ကို Restart ချပြီးတဲ့အခါ သိရပါလိမ့်မယ်..။ အမှားလုပ်မိရင်တော့ မိမိတို့ရဲ့စက်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်..။ ဒါကြောင့် ပုံလေးတွေကို သေချာကြည့်၊ စာကို သေချာဖတ်ပြီး လုပ်ပေးဖို့ လိုပါတယ်..။ အောက်မှာ ဆက်ကြည့်ပါဗျာ..။


Services နေရာကို ဝင်ပြီးတဲ့အခါ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Hide all Microsoft services မှာ အမှန်ခြစ်လေး တပ်(ထည့်)ပေးပြီး Disable all ကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း အမှန်ခြစ်တွေ အားလုံး ပျောက်သွားပါလိမ့်မယ်..။


ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Hide all Microsoft services မှာ အမှန်ခြစ်ပြန် ဖြုတ်ပေးလိုက်ပါ..။ ဒါဆိုရင် အောက်ကပုံမှာ မြင်ရတဲ့အတိုင်း Microsoft Corporation စာကြောင်းတွေမှာ အမှန်ခြစ်လေးတွေ ထည့်ထားပြီးသား ဖြစ်နေပါလိမ့်မယ်..။ ဒါဆိုရင် ဒီအဆင့်ကို ရသွားပါပြီ..။ နောက်တဆင့်ကတော့ အောက်ဆုံးက ပုံလေးတွေမှာကြည့်ပေးပါ..။


နောက်တဆင့်ကတော့ Boot တပ်ကို ပြန်ဝင်ပါမယ်..။ Set as default ကတော့ အပေါ်မှာ ရှင်းပြပေးခဲ့ပြီးသားမို့ ဒီအဆင့်မှာ Advanced options.. မှာ ပြောင်းနည်းလေးကို ဆက်ကြည့်ပေးပါ..။ 



Advanced options.. ထဲကို ရောက်ရင် Number of processors: မှာ အမှန်ခြစ်ပေးပြီး အပေါ်ပုံမှာ ပြထားတဲ့ထဲက ကွန်ပျူတာ ဦးနှောက်အရေအတွက်ကို ပါသလောက်ထဲက 2-3-4 ထဲက နောက်ဆုံး သို့မဟုတ် အလယ်ဂဏာန်းလောက် ရွေးပေးလိုက်ရင် ရပါပြီ..။ ဦးနှောက်အများကြီးရွေးယူထားရင်လည်း ဦးနှောက်အပူများပြီး ဦးနှောက်ပျက်တတ်တယ်ဆိုတာလည်း သတိပေးချင်ပါသေးတယ်..။ ဒါကြောင့် အလည်၊အလတ် လောက်ဆိုရင် အဆင်ပြေပါတယ်..။
ဒီပိုစ့်မှာ ပြထားတဲ့အတိုင်း စိတ်ကြိုက် ပြောင်းလဲပြီးရင်တော့ Apply >> OK ပေးပြီး Restart ချပေးလိုက်လို့ ရသွားပါပြီ..။



စက်ပြန်တက်လာရင်တော့ ခါတိုင်းလို ပေါ်လာတတ်တဲ့ ဘောက်စ်တွေ မပေါ်တော့ပဲ အရင်ကထက် ဝင်းဒိုးအတက် Startup မှာ မြန်နေတာ လက်တွေ့မြင်ရပါလိမ့်မယ်..။ 
အောက်ကပုံတွေကတော့ အဲ့ဒီ Run >> msconfig မှာပဲ Tools နေရာကနေ ဝင်းဒိုးထဲက အဓိက အသုံးဝင်တဲ့ ၊ အသုံးများတဲ့ Windows Tools တွေကို အလွယ်တကူ ဖွင့်တတ်အောင်၊ ဒီနေရာကနေ ဝင်ပြီး ဖွင့်သုံးတတ်အောင် ပြပေးထားတာပါ..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။


အပေါ်ပုံနဲ့ အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုလိုတဲ့ တူးလေးတခုကို တချက်ကလစ်ပြီး Launch ကိုဆက်နှိပ်လိုက်ရင် အောက်ဆုံးပုံအတိုင်း Windows ထဲက Tool လေးပေါ်လာပါလိမ့်မယ်..။ အပြာရောင်နဲ့ ပြထားတဲ့ နေရာတွေကတော့ Run နေရာမှာ အတိုကောက် ရိုက်ထည့်ရမယ့် ဝင်းဒိုးတူးတွေရဲ့ အတိုကောက် စာလုံးတွေပါပဲ..။ နောက်က .exe ဆိုတဲ့ စာသားတွေကို Run  မှာရိုက်ထည့်တဲ့အခါ .exe ထည့်ရိုက်ဖို့ မလိုပါဘူး..။



အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။

RAR Password Unlocker 4.2.0.0

 

25 Apr 13,   11:19 AM
ကိုဦး: ကျွန်တော်rar password unlocker လိုချင်လို့ ပါ ဘယ်ကူညီပေးပါနော် ကိုလွင်မင်းဗိုလ်....ကျေးဇူးတင်ပါတယ်
 ကျနော် ဒီဖိုင်လေးကို လိုက်ရှာနေရလို့ နည်းနည်း ကြာသွားပါတယ်..။ ဒီနေ့တော့ ဒီ RAR Password Unlocker 4.2.0.0 လေးကို ဖူးသုံးလို့ရမယ့် crack ဖိုင်လေးနဲ့အတူ တင်ပေးလိုက်ပါတယ်..။ crack ဖိုင်ထည့်နည်းကတော့ ကျနော့် Blog မှာ အရင်တုန်းက တင်ပေးခဲ့ဖူးတဲ့ crack ထည့်နည်း ပိုစ့်တွေအတိုင်း အတူတူပါပဲ..။ ဒီပိုစ့်မှာလည်း အလွယ်ကြည့်လို့ ရမယ့် ပုံလေးတွေ အနည်းငယ် ပြပေးလိုက်ပါတယ်..။ ဒီ crack ဖိုင်လေးနဲ့ ဖူးဖြစ်တဲ့အတွက် ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ WinRAR နဲ့ Password ခံပြီး ဖိုင်ချုပ်ထားတဲ့ ဖိုင်တွေကို password မေ့သွားတဲ့အခါမျိုးတွေမှာ ဒီကောင်လေးကို အသုံးပြုပြီး ဖိုင်ပြန်ဖွင့်လို့ ရတဲ့ RAR Password Unlocker 4.2.0.0 လေးပါ..။ ဒီကောင်လေးကို အသုံးပြုတတ်အောင် ကျနော် ပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးပါ ရှာပြီး တင်ပေးထားပါတယ်..။ video ဖိုင်လေးကို ကြည့်ရင်း ဒီကောင်လေးကို အသုံးပြုတတ်သွားပါလိမ့်မယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 3.1 MB ရှိပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများနဲ့ ဒေါင်းယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


အောက်ကပုံလေးတွေကတော့ crack ဖိုင်ထည့်ပြပေးထားတာပါ..။ စာတွေအများကြီး မရေးပေးတော့ပါဘူး..။ အရင်တုန်းက crack ဖိုင်ထည့်နည်း ပိုစ့်တွေအတိုင်းပါပဲ..။






အသုံးပြုနည်း Video လေးပါ..။

video ဖိုင်လေးနဲ့ အဆင်ပြေကြပါစေ..။

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း


30 Apr 13, 05:16 PM
နောင်နောင်: ဖိုင်ဆိုဒ်ကြီးကြီးတွေကို winrar နဲ့အပိုင်းတွေပိုင်းပြီး upload တင်ကြတာတွေ့ဘူးပါတယ် အဲဒါဘယ်လိုပိုင်းရသလဲဆိုတာ သိချင်လို့ပါ သိသူများဖြေပေးကြပါခင်ဗျာ..   
WinRAR နဲ့ ဖိုင်တွေ ခွဲနည်းက Blogger အများစုအတွက် မသိမဖြစ် လုပ်နည်းတခုမို့ ကျနော်ဒီပိုစ့်ကို Blogger And HTML လေဘယ်ထဲမှာ ထည့်ပေးထားလိုက်ပါတယ်..။ နောက်ပိုင်း Blogger လူသစ်တွေ ကျနော့် Blog မှာ အလွယ်တကူ ရှာလို့ တွေ့အောင်လို့ပါ..။ ကျနော် Blog မှာလည်း ဒီနည်းနဲ့ အရင်တုန်းက ပိုစ့်တွေမှာ ( Nero 8 - Photoshop CS6 - Cyberlink Power Director ) ပိုစ့်တွေကို WinRAR နဲ့ပဲ ဖိုင်တွေခွဲပြီး တင်ပေးခဲ့တာပါ..။ ကွန်ပျူတာတိုင်းမှာ WinRAR ဆော့ဝဲလ်ရှိနေတဲ့အတွက် အလွယ်တကူ ဖိုင်တွေပြန်ပေါင်းလို့ ရတဲ့အတွက် ဒီနည်းက အားလုံးကို အဆင်ပြေစေပါတယ်..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို မေးလာတဲ့လူ ရှိလာလို့ ကျနော် WinRAR ဖိုင်ခွဲနည်း ပိုစ့်တပုဒ်အဖြစ် တင်ပေးလိုက်ပါတယ်..။ 
ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ဒီပိုစ့်မှာတော့ ကျနော် 276 MB ရှိတဲ့ Photoshop CS6 ဖိုင်ကို WinRAR နဲ့ ဖိုင်ခွဲပြထားပါတယ်..။ ကျနော်တို့ ရေးပေးချင်တဲ့ စာတွေကို Notepad နဲ့ ရေးပေးပြီး ဖိုင်တခုထဲကို စုပေါင်းထည့်လိုက်ပါတယ်..။ ပြီးမှ ဖိုင်အပြင်ကနေ WinRAR နဲ့ ဖိုင်ခွဲချလိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



WinRAR နဲ့ စပြီး ဖိုင်ချုပ်တဲ့ အချိန်မှာ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ် MB ကို အောက်ကအဆင့်မှာ ရွေးပေးရမှာပါ..။ မျှားပြထားတဲ့ နေရာမှာ 100 MB / 700 MB စသဖြင့် အရင်ယူလိုက်ပါတယ်..။ ပြီးမှ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ်ကို ပြန်ရေးထည့်လိုက်ပါ..။ အောက်ကပုံမှာ ကျနော်ယူထားတဲ့ 100 MB ကနေ 50 MB လို့ ပြန်ပြောင်းရေးထည့်လိုက်ပါတယ်..။



ကျနော် 50 MB စီရှိတဲ့ အပိုင်းတွေ ခွဲထုတ်မှာပါ..။ အပေါ်ပုံအတိုင်း 50 MB ပြီးရင် OK နှိပ်ပေးလိုက်ပါတယ်..။ အောက်ကပုံကတော့ စပြီး ဖိုင်တွေခွဲထုတ်ပေးနေပါပြီ..။




 အပေါ်ပုံအတိုင်း 50 MB စီရှိတဲ့ အပိုင်း ၆-ပိုင်း ထွက်လာပါတယ်..။ နောက်ဆုံးအပိုင်းကတော့ ပိုသလောက်ကိုပဲ ခွဲပေးတာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း မြင်ရမှာပါ..။


ဖိုင်တွေ ပြန်ပေါင်းရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း part1 ကနေ ဖြည်ချလိုက်ရင် ရသွားပါပြီ..။  


 ဒါဆိုရင်တော့ အားလုံးပဲ WinRAR နဲ့ ဖိုင်တွေခွဲပြီး ဖိုင်တွေ ပြန်ပေါင်းတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။

Internet Download Manager ကို ခရက်ခ် ဖြင့်ဖူးလုပ်၍ အသုံးပြုခြင်း

Kolin Lin      29 April 2013 00:49
အစ်ကိုလွင်ရေ ကျနော်မှာ Internet Download Manager ကိုထည့်ထားတာ IDM ကအလုပ်မလုပ်တော့လိုပါ. Upade လဲတစ်ခါမှမလုပ်ပါဘူး..အသစ်တွက်တဲ့Update ကိုပဲအသစ်ပြောင်းထည့်လဲမရပါ Virus Software က last kaspersky 2013 သုံးထားပါတယ် ကူညီပါဦးနော်...ကျနော် Window 7 တင်ထားတာပါ..
 Comments တခုမှာ မေးထားတဲ့ ဒီအပေါ်က အစ်ကိုလိုမျိုး တချို့သူငယ်ချင်းတွေ ရှိခဲ့ပါတယ်..။ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ crack ဖိုင်လေးနဲ့ အဆင်ပြေသွားကြလို့ ဒီနေ့တော့ ဒီ crack ဖိုင်လေးကို အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ IDM နောက်ဆုံးထွက်တွေကို ကျနော်တင်ပေးနေကျ patch ဖိုင်နဲ့ ကျနော်သုံးနေတာ အဆင်ပြေနေတာပါ..။ ဒီ crack ဖိုင်လေးကတော့ နောက်ဆုံးထွက်တွေကို Support မလုပ်ပါဘူး..။ ဒါကြောင့် ကျနော် မတင်ပေးဖြစ်ခဲ့တာပါ..။ ဒီဖိုင်လေးထဲမှာ သီးသန့် IDM exe ဖိုင်လေး တခုပါပါတယ်..။ အဲ့ဒီ IDM exe ဖိုင်လေးနဲ့ပဲ ဒီ crack ဖိုင်က အဆင်ပြေတာပါ..။ ဒါကြောင့်မို့ IDM နောက်ဆုံးထွက်တွေ သုံးလည်း patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တဲ့ သူများကတော့.. မိမိတို့စက်ထဲမှာ ရှိနေတဲ့ IDM ကို Uninstall နဲ့ ထုတ်ပစ်ချင်လည်း ထုတ်ပစ်ပါ..။ မထုတ်ပစ်ရင်လည်း ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။ တချို့ Antivirus တွေက ကျနော်တို့ အသုံးပြုနေကျ patch ဖိုင်လေးကို သိသွားပြီဖြစ်တဲ့အတွက် IDM ရဲ့ Installed ဖိုင်တွေထဲကိုပါ ဝင်ပြီး patch ဖိုင်ကို လိုက်ဖျက်ပစ်လို့ ကျနော်တို့ IDM နောက်ဆုံးထွက်တွေကို patch ဖိုင်နဲ့ ဖူးလုပ်လို့ မရတော့တာပါ..။ ဒီနေ့ကျနော်တင်ပေးလိုက်တဲ့ ဒီ crack ဖိုင်ရဲ့ အားနည်းချက်တော့ Mozilla နောက်ဆုံးထွက်တွေနဲ့ Youtube က သီချင်းတွေ ဒေါင်းယူမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး..။ ဘာလို့လည်း ဆိုတော့ Mozilla နောက်ဆုံးထွက်နဲ့ Youtube သီချင်းတွေ ကြည့်တဲ့အခါ IDM Button လေး မပေါ်လို့ပါပဲ..။ ကျန်တဲ့ ဆော့ဝဲလ်တွေဒေါင်းယူရင်တော့ အဆင်ပြေပါတယ်..။ ဒီ IDM Crack ဖိုင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1.1 MB ရှိပါတယ်..။ ကျနော်ဒီ crack ဖိုင်လေးကို ဖိုင်နာမည်ပြောင်းတင်ပေးထားပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။


IDM အလုပ်မလုပ်တော့တဲ့ စက်တွေမှာ အောက်ကပုံအတိုင်း ပေါ်နေတတ်ပါတယ်..။ 



IDM နောက်ဆုံးထွက်ပဲ ဖြစ်ဖြစ် ၊ အဟောင်းပဲ ဖြစ်ဖြစ် မိမိတို့ စက်ထဲက ထုတ်ပစ်ချင်ထုတ်ပစ်ပါ..။ မထုတ်ပစ်ရင်လည်း ဒီ IDM crack ဖိုင်လေးကို အသုံးပြုလို့ ရပါတယ်..။ အောက်ကပုံလေးအတိုင်း ကျနော် တင်ပေးလိုက်တဲ့ IDM crack ဖိုင်လေးကို မိမိတို့ စက်ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် 32-bit (or) 64-bit ခွဲပြီး crack ဖိုင်ကို ရွေးပြီး ၂ချက်တောက်ပေးလိုက်ပါ..။ သို့မဟုတ် အောက်ကပုံအတိုင်း Right Click >> Merge ကိုနှိပ်ပေးလိုက်ပါ..။




အပေါ်က ပုံတွေအတိုင်း လုပ်ပေးပြီးသွားရင်တော့ အောက်ကပုံအတိုင်း ဒီ crack ဖိုင်ထဲမှာ ပါလာတဲ့ IDM exe ဖိုင်လေးကို ၂ချက်တောက်ပြီး Install ထည့်ပေးလိုက်ရင် မိမိတို့စက်မှာ IDM ကို အသုံးပြုလို့ ရသွားပါပြီ..။



အပေါ်ဆုံးမှာ ပြထားတဲ့ ဒေါင်းလော့မရတော့တဲ့ ပုံလေးကတော့ ဒီအောက်ကပုံမှာ ပြထားတဲ့ အတိုင်း ဆော့ဝဲလ်တွေကို ဒေါင်းလော့ယူလို့ ရသွားပါပြီ..။


 အးလုံးပဲ အဆင်ပြေကြပါစေ..။

Internet Download Manager 6.15 Build 10 Final


 
Internet Download Manager 6.15 Build 10 Final နောက်ဆုံးထွက်လေး ဗါးရှင်းလေးပါ.. Update ထွက်နေတာ ၃၊၄ရက်လောက်ရှိနေပါပြီ..။ ကျနော်ဒီရက်ထဲ မအားတဲ့အတွက် ဒီနေ့မှ တင်ပေးလိုက်ရပါတယ်..။ ဒီဖိုင်လေးကို ဒေါင်းယူလို့ရတဲ့ စာမျက်နှာမှာ patch ဖိုင်နဲ့ crack ဖိုင်လေးပါ ဒေါင်းယူလို့ရအောင် သီးခြားခွဲတင်ပေးထားပါတယ်..။ IDM နောက်ဆုံးထွက် ဗါးရှင်းတွေကို ကျနော်တင်ပေးနေကျ patch ဖိုင်လေးနဲ့ ကျနော် ဖူးလုပ်ပြီးသုံးလို့ အဆင်ပြေနေပါတယ်..။ တချို့အဆင်မပြေတဲ့ သူများလည်း ရှိနေပြန်တာကြောင့် ဒီ IDM နောက်ဆုံးထွက်နဲ့အတူ crack ဖိုင်လေးပါ ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်..။ crack ဖိုင်နဲ့ ဖူးလုပ်ပြီး အသုံးပြုနည်းကတော့ နောက်တင်မယ့် ပိုစ့်မှာ ကြည့်ပေးပါ..။ patch ဖိုင်နဲ့ ဖူးလုပ်နည်းပိုစ့်ကိုတော့ ကျနော့် Blog ညာဘက်မှာ လင့်ချိတ်ပေးထားပါတယ်..။ အခုဒီ IDM နောက်ဆုံးထွက်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။



Typing Master Pro 7.10 Build 808 Final

 ဒါကတော့ စာရိုက်ရင် လက်ကွက် မြန်အောင် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေး Typing Master Pro 7.10 Build 808 Final နောက်ဆုံးထွက်လေးပါ..။ Game ကစားတဲ့ နည်းနဲ့လည်း စာရိုက်မြန်အောင် လေ့ကျင့်လို့ ရတဲ့ Tool လေး ဒီထဲမှာ ပါပါတယ်..။ ဒီပိုစ့်ရဲ့ အောက်မှာပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ကျနော့် Blog မှာ ဒီလို လက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်မျိုး မတင်ပေးဖူးသေးပါဘူး..။ ဒီနေ့တော့ ဒီကောင်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Keygen လေးထည့်ပေးထားပါတယ်..။ ဒီ Keygen နဲ့ ဖူးဖြစ်အောင် လုပ်ပြီး ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်..။ နောက်တခုကတော့ Antivirus တွေကို အရင်ပိတ်ထားပြီးမှ ဒီ Keygen ကို အသုံးပြုလို့ ရမှာပါ..။ Keygen နဲ့ ကီးတွေ ထည့်နေတဲ့ အချိန်မှာလည်းပဲ အင်တာနက်ကို ပိတ်ထားရပါမယ်..။ ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ပုံလေးတွေနဲ့ Keygen ထည့်တတ်အောင် ပြပေးထားပါတယ်..။ အသုံးလိုတဲ့ သူများကတော့ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9.3 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဒေါင်းလော့ မယူတတ်သေးလို့ Error တက်တယ်လို့ ပြောတဲ့ သူများကတော့ ကျနော့် Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို အရင်ဖတ်ပေးပါ..။ 



အောက်ကပုံလေးတွေ အတိုင်း ကျနော့် ဒီကောင်လေးကို Install ထည့်လိုက်ပါတယ်..။  





အပေါ်ပုံအတိုင်း Enter License နေရာကို နှိပ်ပြီး.. အောက်ကပုံမှာ ပြထားသလို Keygan ကို ဖွင့်ပြီး မျှားအပြာရောင် ပြထားတဲ့ နေရာမှာ ရွေးပေး.. Generate ကို နှိပ် ပေါ်လာတဲ့ ကီးတွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




OK >> OK ၂ခါပေးလိုက်ရင် ဖူးသုံလို့ ရသွားပါပြီ..။ အောက်ကပုံလေးတွေကတော့ ကျနော်စပြီး အသုံးပြုတဲ့ ပုံလေးတွေပါ..။




အပေါ်ပုံကတော့ လက်ကွက် ယူရမယ့် ပုံစံလေး..။ အောက်ကပုံလေးတွေကတော့ ကျနော် ဒီထဲက ဂိမ်းလေးနဲ့ လက်ကွက် စမ်းထားတဲ့ ပုံလေးတွေပါ..။ ညာဘက် အခြမ်းက Game နေရာကို နှိပ်ပြီး ဝင်သွားလိုက်ပါတယ်..။




အပေါ်ပုံအတိုင်း ကျလာတဲ့ စာလုံးလေးတွေကို မှန်အောင် လိုက်ရိုက်ပေးရမှာပါ..။ စာလုံးအားလုံး မှန်သွားရင် Press Space ဆိုရင်တော့ စပေ့ဘားကို တချက် နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင် နောက်တခုကို ထပ်ရိုက်လို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးထဲမှာ တခြား Features တွေနဲ့ Tools တွေ အများကြီး ပါပါတယ်..။ အကျွမ်းတဝင် အသုံးပြုတတ်အောင်လို့ မိမိတို့ ကိုယ်တိုင်ပဲ လေ့လာရမှာပါ..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..။