Wednesday 16 October 2013

Windows 8 AIO 16 in 1 RTM (MSDN Original ISO)


 Windows 8 - 16 in 1 ISO ဖိုင်လေးရှာတွေ့ထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်.. Windows 8 ဗါးရှင်းမျိုးစုံ အသုံးပြုချင်တဲ့သူများအတွက် DVD တခွေတည်းနဲ့ အဆင်ပြေစေမယ့် ကောင်လေးပါ.. DVD တချပ်ထဲမှာ Windows 8 ဗါးရှင်း 16 မျိုးထည့်ထားတာ ဖြစ်လို့.. ဝင်းဒိုးတင်တဲ့အခါ မိမိတို့ အသုံးပြုချင်တဲ့ Windows 8 ဗါးရှင်းကို ရွေးပေးလိုက်ယုံပါပဲ.. အောက်ဆုံးမှာ ဝင်းဒိုးဗါးရှင်း ရွေးပေးရမယ့်နေရာကို ရောက်ရင် ရွေးတတ်အောင်လို့ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.37 GB ရှိပါတယ်.. ဒေါင်းလော့ယူရ အဆင်ပြေအောင် ဒါရိုက်လင့်ကို ပြန်လည်ချိတ်ပေးထားပါတယ်..။ ဖိုင်တွေ ဒေါင်းယူနည်းကတော့ မနေ့ကတင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ..

(21.4.2013။ ။ဒီနေ့ရေးထားခဲ့တဲ့ Comments လေး.. စေတနာပါရင် Direct Link နဲ့ ချိတ်ပေးလိုက်ပါ.. ဆိုတဲ့  Centre King ရဲ့ Comment လေးကြောင့် စိတ်မကောင်းဖြစ်ရပါတယ်..။ ဒီလင့်တွေ အားလုံးက OXAVA.COM က တင်ပေးထားတဲ့ လင့်အတိုင်း မူရင်းလင့်တွေနဲ့ ချိတ်ပေးထားပြီးသားပါ..။ ဒေါင်းလို့ရတဲ့ အချိန်တုန်းက ဒေါင်းယူထားတဲ့ သူများကတော့ အသုံးပြုနေကြပါပြီ..။ ဒီပိုစ့်ရဲ့ အောက်က Comments တွေမှာ လိုက်ရှာဖတ်ကြည့်ပါ..။ ရတဲ့သူတွေ ရသွားပါပြီ..။ Windows 8 (4in1) နဲ့ Windows 8 (16in1) လင့်တွေကို ကျနော် ပြန်ရှာနေတာ ကြာပြီ..။ အခုလို လင့်တွေနဲ့၊ ဝဘ်ဆိုဒ်ပျက်သွားတော့မှ ပြန်ဒေါင်းယူချင်လို့ မရတော့ပါ..။ ဒီဝင်းဒိုး ISO ဖိုင်တွေကို တင်ပေးထားတဲ့ မူရင်းဆိုဒ်က အဖျက်ခံလိုက်ရပါပြီ..။ ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ www.oxava.com  ။ ဒါကြောင့်ပဲ ဒီလင့်တွေကို ပြန်ပြင်ပေးဖို့ မရတော့တာပါ..။ လိုအပ်ရင်တော့ Microsoft က ဒါရိုက်ပေးထားတဲ့ တခြား Windows 8 (90 days) အခွေကို ဒီလင့်ကနေ ဝင်ယူလို့ ရပါတယ်..။ Windows 7 (All in One) ၊ Windows 8 (4in1) နဲ့ Windows 8 (16in1) အခွေတွေက Microsoft က ပေးတာ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုပါတယ်..။ Microsoft ကမဟုတ်တဲ့ တခြား အပြင်က ပညာရှင် (ဟတ်ကာ) တွေက ပြန်လည် ဖန်တီးပေးထားတယ်ဆိုတာလည်း ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်..။ ဟတ်ကာရန် ကြောက်ရင်တော့ ဒီအခွေတွေနဲ့ ဖရီးဆော့ဝဲလ်တွေ မသုံးပါနဲ့..။ ကျနော်တို့လို မျှဝေပေးနေတဲ့ သူတွေကို အပစ်တင်မယ့်အစား မိမိကိုယ်ကို ဗဟုသုတရှိအောင် အရင်ကြိုးစားသင့်ပါတယ်..။ ဒါမှသာ အကောင်းမြင်တတ်လာမှာပါ..။ ဒီအောက်ကလင့်တွေကနေလည်း ဒီဝင်းဒိုးအခွေတွေကို ဒေါင်းယူလို့ မရတော့ပါဘူး..။ လင့်တွေအားလုံး ပျက်ကုန်ပါပြီ..။ နောက်ပိုင်းမှာ တခြားဆိုဒ်တွေက ပြန်တင်ပေးခဲ့ရင်တော့ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ 4 GB လောက်ရှိတဲ့ ဝင်းဒိုးအခွေကို ကျနော်သုံးနေတဲ့ Connection နဲ့ ပြန်တင်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ..။ 100 MB လောက်ဆိုရင်ပဲ ကျနော့် Connection နဲ့ အတော်ကြာကြာ Upload တင်နေရတာပါ..။  အားလုံးပဲ ဒေါင်းလို့မရတော့တဲ့ ဆော့ဝဲလ်တွေအတွက် ကျနော့်ကို နားလည်ပေးနိုင်ကြပါစေဗျာ..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှ  Centre King ရဲ့ Comment ကို ကျနော့် Blog မှာ မရှိစေချင်တဲ့အတွက် ကျနော် ဖျက်ထားလိုက်ပါပြီ..။


ပါဝင်တဲ့ Windows 8 ဗါးရှင်းတွေကတော့ အောက်ကအတိုင်းပါပဲ..
(No product key is needed.)

Windows 8 x86
Windows 8 N x86
Windows 8 Pro x86
Windows 8 Pro VL x86
Windows 8 Pro N x86
Windows 8 Pro with Media Center x86
Windows 8 Enterprise x86
Windows 8 Enterprise N x86
Windows 8 x64
Windows 8 N x64
Windows 8 Pro x64
Windows 8 Pro VL x64
Windows 8 Pro N x64
Windows 8 Pro with Media Center x64
Windows 8 Enterprise x64
Windows 8 Enterprise N x64

အောက်ကပုံကတော့ ကျနော်ဒေါင်းလော့ယူလို့ အဆင်ပြေတဲ့ ပုံလေးပါ..



Windows 8 တင်တဲ့အခါမှာတော့ အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုချင်တဲ့ ဝင်းဒိုးဗါးရှင်းကို ရွေးပြီး တင်လိုက်ယုံပါပဲ.. Windows ISO ဖိုင်တွေ အခွေကူနည်းကို Windows 8 - 4 in 1 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..

Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ


18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။
အရင်ဆုံး မိမိတို့ ကွန်ပျူတာကို ဖွင့်ပါ.. ပြီးရင် မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်း (C:)(D:)(E:)(F:) တွေရဲ့ GB ကိုအရင်မှတ်ထားပါ..။ ဘယ် Drive က ဘယ်လောက် GB ရှိလဲဆိုတာ 50 GB, 60 GB စသဖြင့် အရင်မှတ်ထားပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ ဝင်းဒိုးတင်ထားတဲ့ အပိုင်းကို အဓိက မှတ်သားထားပါ..။ ပြီးရင် ဝင်းဒိုးခွေ ထည့်ပါ..။ ဒါမှမဟုတ် ဝင်းဒိုးထည့်ထားတဲ့ Boot တက်တဲ့ USB ကို USB ပေါက်မှာ တပ်ပါ..။ ပြီးရင် စက်ကို Restart ချပေးပြီး မိမိတို့ စက်ရဲ့ Boot မီနူးထဲကို ဝင်တဲ့ ကီးဘုတ်မှ F2, F12, Del မိမိတို့စက်ပေါ်လာတဲ့ စာသားအတိုင်း နှိပ်ပြီး ဝင်သွားလိုက်ပါ..။ အဲထဲမှာ ဝင်းဒိုးခွေအတွက်ဆို CD/DVD ကို ရွေးပါ.. USB နဲ့ဆို USB ဆိုတဲ့ စာသားကို ရွေးပေးပြီး F10 >> Enter ခေါက်ပြီး ဝင်းဒိုးခွေထဲကို ဝင်သွားလိုက်ပါ..။ အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပေါ်လာတဲ့ ဘောက်စ်လေးတွေမှာ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်နှိပ်သွားလိုက်ပါ..။






ဒီနေရာမှာ အပေါ်က ပုံအတိုင်း Drive Option (advanced) နေရာကို တချက်ကလစ်လိုက်ရင် အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်..။ အဲဒီမှာ မိမိတို့ ဖျက်ပစ်ချင်တဲ့ Partition အပိုင်းကို တချက်ကလစ်ပါ.. အပေါ်ပိုင်းမှာ ပြောခဲ့သလို ကွန်ပျူတာကို ဖွင့်ပြီး မိမိတို့ ဖျက်ပစ်ချင်တဲ့ Drive တွေကို မှတ်ခိုင်းထားတာ ဒီနေရာမှာ လိုအပ်လာလို့ပါ..။ တကယ်ဆို အောက်ကပုံမျိုး Windows7 ဆိုတဲ့ စာသားမျိုး မပေါ်ပါဘူး.. Partition 1, 2, 3 အဲလိုမျိုးပဲ ပေါ်မှာပါ..။ ဒါကြောင့် မိမိတို့ ဖျက်ပစ်ချင်တဲ့ အပိုင်းက ဘယ်နှ GB ရှိလဲဆိုတာ မှန်အောင်ရွေးပြီး အောက်ကပုံမှာပြထားတဲ့ အတိုင်း Format ကိုနှိပ်ပါ..။ မိမိတို့ ဖျက်ပစ်ချင်တဲ့ အပိုင်းကို တချက်ကလစ်ပြီးမှ Format ကိုကလစ်ပါ..။ အဲလို Format ကိုကလစ်လိုက်ရင် နောက်ထပ် Yes နှိပ်ရမယ့် ဘောက်စ်လေး ထပ်ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်ပါ..။ ခဏနေရင် မိမိတို့ ဖျက်ပစ်လိုက်တဲ့ Partition ဟာ ပျက်သွားပြီဖြစ်တဲ့ အတွက် Total Size နဲ့ Free Space မှာပေါ်နေတဲ့ GB (ဂစ်)တွေဟာ အတူတူ ဖြစ်နေပါလိမ့်မယ်..။ ဒါဆိုရင် ညာဘက်အပေါ်ထောင့်က ကြတ်ခြေခတ်ကို ကလစ်ပြီး အဆင့်ဆင့် နောက်ပြန်ဆုတ်ပြီး စက်ကို Restart ချလိုက်ပါ..။ ဒါပေမယ့် မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ.. (USB နဲ့လုပ်တာဆိုရင် USB ကို ဆွဲဖြုတ်လိုက်ပါ..။ စက်ပြန်တက်လာရင် USB ထဲကို ပြန်ဝင်သွားမှာမို့လို့ USB ကို အရင် ဆွဲဖြုတ်ခိုင်းတာပါ..။ အခွေနဲ့ဆို အခွေကို အရင်ထုတ်ပါ..)


 စက်ကို Restart ချလိုက်လို့ ဝင်းဒိုးပြန်တက်လာရင် အောက်ကပုံမျိုးပေါ်နေအုန်းမှာပါ..။ ဝင်းဒိုး၂ခု ရှိခဲ့ရင် နှစ်ခုပေါ်နေမှာပါ.. ၃ခုရှိခဲ့ရင် သုံးခု ပေါ်နေအုန်းမှာပါ.. ဒါပေမယ့် အပေါ်ကအတိုင်း ဖျက်ထားပြီးရင်တော့ အဲဒီ ဖျက်ပြီးသား ဝင်းဒိုးကို ပြန်ဝင်လို့ မရတော့ပါဘူး.. အဲတော့ ကျနော်တို့က ဒီအောက်ကပုံမျိုး ပေါ်နေလို့ စိတ်ညစ်နေရမှာလား.. မညစ်စေရပါဘူး.. အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်..။ ကျနော်ကိုယ်တိုင် ဝင်းဒိုးတခု အပျက်ခံပြီး စမ်းထားတာပါ..။ လုံးဝသေချာပါတယ်..။ 


ကျန်တဲ့ဝင်းဒိုးကနေ ဝင်သွားလိုက်ရင်.. Computer မှာ ၂ချက်တောက်ဖွင့်လိုက် အောက်ကပုံမျိုး ကျနော့်စက်မှာ ဝင်းဒိုးအပိုတင်ထားတဲ့ အပိုင်း (D:) မှာ ဘာမှမရှိတော့တဲ့ Drive အလွတ် တခုကို တွေ့ရမှာပါ..။ ဒါပေမယ့် အပေါ်ကပုံမျိုး ကတော့ စက်ကို Restart ချကြည့်လိုက်ရင် ပေါ်နေအုန်းမှာပါ..။ အဲလိုမပေါ်အောင် အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့စက်ရဲ့ ကီးဘုတ်မှ Windows Logo + R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကို ဖွင့်လိုက်ပါ.. ပေါ်လာတဲ့ Run Box ထဲမှာ msconfig လို့ ရိုက်ထည့်လိုက်ပါ.. ပြီးရင် OK ပေးလိုက်ပါ..



အောက်ကပုံလေးအတိုင်း ပေါ်လာတဲ့ System Configuration ဘောက်စ်ထဲမှာ Boot နေရာကနေ အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။ ဒီနေရာမှာ တခုသတိပြုရမှာက မိမိတို့ ဖျက်ပစ်လိုက်တဲ့ ဝင်းဒိုးရှိခဲ့တဲ့ အပိုင်း.. အခုဒီဝင်းဒိုးက Computer မှာ ဖွင့်ကြည့်လိုက်ရင် (မိမိတို့ ဖျက်ခဲ့တဲ့ ဝင်းဒိုးရှိခဲ့တဲ့အပိုင်း) ပေါ်နေတဲ့ အပိုင်းဟာ D: လား E: လား စသဖြင့် သေချာကြည့်ပြီးမှ ကလစ်ပါ.. Delete နှိပ်..။ အောက်ပုံမှာမြင်နေရသလို (C:/windows) စာသားကို လုံးဝမနှိပ်မိပါစေနဲ့..။ ဘာလို့လဲဆိုတော့ လက်ရှိဝင်းဒိုးဖွင့်ထားတဲ့ အပိုင်းက (C:/windows) ဖြစ်နေလို့ပါ..။ အဲဒီ C: ကို Delete ပေးမိလို့ ဝင်းဒိုးတက်မလာတော့ရင်တော့ ကိုယ့်အပစ်နဲ့ကိုယ်ပဲ.. ကျနော်စိုးရိမ်လို့ သတိပေးထားတာပါ..။  အားလုံးပြီးရင်တော့ နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်လေးထဲမှာ Restart ကို ကလစ်ပေးလိုက်ပါ..။



Restart ပေးပြီးလို့ စက်ပြန်ပွင့်လာတဲ့ အခါမှာ Windows ၂ခု ရွေးခိုင်းတဲ့ စာသားမျိုး မပေါ်တော့ပါဘူး..။ ဒါဆိုရင် OK ပါပြီ.. Run ကနေ Boot မှာ ပြန်ဝင်ကြည့်လိုက်ရင်လည်း အောက်ကပုံမျိုး ဝင်းဒိုးတစ်ခုပဲ မြင်ရပါလိမ့်မယ်..။ ဒီပိုစ့်က ဒီမှာတင် ပြီးသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

Thursday 10 October 2013

Classic Shell 4.0.0 Final - Windows 8 Start Menu Button

Skins for the start menu
ဒီကောင်လေးက Windows 8 မှာ Windows 7 လို Start Menu Button လေး ပေါ်အောင်လုပ်ပေးနိုင်တဲ့ ကောင်လေးပါ..။ အပေါ်ပုံမှာ ပြထားသလို ဒီဇိုင်းမျိုးစုံ သူ့ရဲ့ Setting ထဲကနေ ပြောင်းပြီး အသုံးပြုနိုင်ပါတယ်..။ ဒီကောင်လေးကို Install ဆွဲထည့်ပေးလိုက်ယုံပါပဲ..။ Windows 8 မှာ Start Menu လေးပေါ်နေမှာ ဖြစ်ပါတယ်..။ ဒီဇိုင်းမျိုးစုံ ပြောင်းလဲတတ်အောင် အရင်ပိုစ့်ဖြစ်တဲ့ အသုံးပြုနည်းပိုစ့်မှာ ပုံလေးတွေနဲ့ အနည်းငယ် ပြပေးထားတာ ရှိပါတယ်..။ ပြန်ကြည့်လိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို  ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။

BOOTMGR is missing Error ဖြေရှင်းနည်း


27 Oct 12, 09:29 PM
hanmyo:
 အကိုရယ် ကျနော့်ကိုတခုလောက် ကူညီပါအုံး ကျနော့်စက် ဖွင်လို့မရဖြစ်သွားလို့ ကျနော့်စက်က acer 4.74Aပါစက် ကိုဖွင့်လိုက်တာနဲ့ BOOTMER is missing Press Ctrl+Alt+Del to restart လို့ပေါ်လာတယ် window လဲတက်မလာဘူး အဲဒါကိုဘယ်လိုလုပ်ရမလဲ မစပါအုံးအကိုရယ် ကျေးဇူး တင်လျှက�
ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က တင်ပေးထားပါတယ်..  2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့ အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့ ရပါတယ်.. ဒီအောက်မှာတော့ Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7 ကုမ္ပဏီက အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
August 31, 2012
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:


    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd

ဒီ Error ကို ဖြေရှင်းဖို့ မိမိတို့ဆီမှာ Windows Installation Disc ဝင်းဒိုးတင်လို့ရတဲ့ Windows 7 DVD ခွေရှိဖို့လိုပါတယ်.. တချို့ ဝဘ်ဆိုဒ်တွေမှာ Windows System Repair Disc နဲ့လည်း လုပ်ပြထားကြပါတယ်.. တကယ်လို့ ဝင်းဒိုးတင်တဲ့ အခွေမရှိရင်တော့.. System Repair Disc ကို မိမိတို့ ဝင်းဒိုးထဲက ထုတ်ယူသိမ်းထားခဲ့တဲ့ သူများဆိုရင်တော့ ပိုအဆင်ပြေပါတယ်.. System Repair Disc လည်းမရှိသေးဘူးဆိုရင်တော့.. ကျနော်နောက်ပိုစ့်တွေမှာ တင်ပေးသွားပါမယ်.. လိုအပ်တဲ့သူများ Cbox နဲ့ Comment နေရာတွေမှာ ရေးပေးထားခဲ့ပါ.. တောင်းတဲ့လူရှိမှ System Repair Disc 32-bit နဲ့ 64-bit တွေကိုတင်ပေးပါမယ်.. System Repair Disc ကိုဒေါင်းယူလို့ရတဲ့သူများကတော့ 200 MB မပြည့်တဲ့ အတွက် CD အသစ်တချပ်နဲ့ အခွေကူးလိုက်ပါ.. Boot တက်ဖို့လိုပါတယ်.. Verify Disc Data စာသားနေရာမှာ အမှန်ခြစ်ပေးပြီးမှ အခွေကူးပါ..


Windows 7 (or) System Repair Disc ခွေရှိပြီးသားသူများကတော့ မိမိတို့ရဲ့ DVD Drive ထဲမှာ အခွေကိုအရင်ထည့်လိုက်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ.. မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del, F8 မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..

 F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..


 စက်ပြန်တက်လာလို့ အောက်ကပုံမှ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတခုခုကို အမြန်မိအောင် လိုက်နှိပ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD ထဲကို ဝင်သွားတာ ဖြစ်ပါတယ်.. 




အပေါ်ပုံအတိုင်း Repair ကိုနှိပ်ပါ.. အောက်ကပုံအတိုင်းပေါ်လာရင် Startup Repair ကိုအရင် လုပ်ပေးလိုက်ပါ..



Startup Repair ပြီးသွားရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ.. 


ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ cmd.exe ဘောက်စ်ထဲမှာ တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်.. မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ.. အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..

    bcdedit /export C:\BCD_Backup
    c:
    cd boot
    attrib bcd -s -h -r
    ren c:\boot\bcd bcd.old
    bootrec /RebuildBcd


ဒီပုံတွေအားလုံးကို အင်တာနက်ကနေ ရှာယူထားတာဖြစ်တဲ့ အတွက် တချို့ပုံတွေက နည်းနည်း ဝါးနေပါလိမ့်မယ်.. ဖြည်းဖြည်းချင်း သေချာကြည့်ရင် ကြည့်လို့၊ လုပ်လို့ အဆင်ပြေပါတယ်..

 အောက်ကပုံ ( bcdedit /export C:\BCD_Backup ) စာကြောင်းရိုက်ထည့် Enter ခေါက်ပါ..
 ဒုတိယတကြောင်း ( c: ) Enter ခေါက်ပါ.. တတိယတကြောင်း ( cd boot )  Enter ခေါက်ပါ..
 လေးကြောင်းမြောက် ( attrib bcd -s -h -r ) Enter ခေါက်ပါ..
 ငါးကြောင်းမြောက် ( ren c:\boot\bcd bcd.old ) Enter ခေါက်ပါ..
 ခြောက်ကြောင်းမြောက် ( bootrec /RebuildBcd ) Enter ခေါက်ပါ..

အပေါ်မှာ တကြောင်းစီ ခွဲပြထားတဲ့ ပုံတွေကို အားလုံးပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. မိမိတို့ ရိုက်ထည့်ရမယ့် စာသားနေရာတွေကို မျဉ်းနီပြပေးထားပါတယ်.. အားလုံးပဲ ကြည့်ရအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်..  အောက်ကပုံရဲ့ နောက်ဆုံးမှာ Yes / No မေးထားတာ ဖြစ်တဲ့ အတွက် ကျနော်တို့က ကီးဘုတ်မှ Y ကီးကို တချက်နှိပ်ပေးလိုက်ရင် ရပါပြီ.. Y ရဲ့ အောက်က Successfully စာသားပေါ်လာရင်တော့ အောက်တကြောင်းမှာ Exit လို့ရိုက်ထည့်ပြီး Enter ခေါက်ထွက်လိုက်ပါ.. အဲ့လိုမှ မထွက်သေးရင် အပေါ်ကြတ်ခြေခတ်နဲ့ ပိတ်ပစ်လိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ.. စက်ရဲ့ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို အရင်ထုတ်လိုက်ပါ.. စက်ပြန်တက်လာရင်တော့ Bootmgr is missing Error ကောင်းသွားပါပြီ.. ဒါက ပထမနည်းပါ..


 ဒုတိယနည်းလမ်း..
အောက်ကတော့ နောက်တနည်းပါ.. အပေါ်နည်းနဲ့ အဆင်မပြေခဲ့ရင် အောက်ကနည်းနဲ့ ဆက်လုပ်ပေးလိုက်ပါ.. အပေါ်ပုံတွေအတိုင်း ဝင်းဒိုးခွေထည့်ပါ.. စက်ကို Restart ချပြီး Repair your Computer ကနေ Commant Prompt ကိုကလစ်ပြီးဝင်လိုက်ရင် အောက်ကပုံမျိုးဘောက်စ်ထဲမှာ Bootrec.exe /RebuildBcd စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..

 အောက်ကပုံအတိုင်း Y ကီးကို နှိပ်ပေးလိုက်ပါ..


အပေါ်ပုံတွေက အတိုင်းလုပ်ပေးလိုက်ရင် ဒီအယ်ရာတွေ ကောင်းသွားပါလိမ့်မယ်.. အောက်ဆုံးမှာ ဟိုးအရင်တုန်းက Windows Vista အတွက်လုပ်နည်းလေးပါ ရေးပေးလိုက်ပါတယ်.. တချို့လူတွေ Windows 7 မှာလည်း အသုံပြုကြပါတယ်..
တတိယနည်းလမ်း........

A) Type c: and press <Enter>. 
B) At the C:\ prompt, type cd boot and press <Enter>.
C) At the C:\Boot prompt, type the following commands and press Enter after each command.

Code:
bootrec /FixMbr
bootrec /FixBoot
bootrec /RebuildBcd



D) Now close the command prompt, remove the DVD and reboot your computer.
That's it,
နမူနာလုပ်တတ်အောင် Video Tutorial လေးပါ ရှာပေးလိုက်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ.. စိတ်ညစ်စရာ အပေါင်းမှ ကင်းဝေးကြပါစေ..

PDF နဲ့လိုချင်ရင် ဒီမှာ..
Download (22.5 MB)

fix Bootmgr missing