(Windows 7 All-in-One) Windows 7 တစ်ခွေထဲမှာ 48 မျိုးပါတဲ့ Windows 7
(48-in-1) အခွေကို ကျနော်ဒေါင်းယူလို့ ရတဲ့ နိုင်ငံခြားဆိုဒ်တွေက
လင့်တွေကို ပြန်လည်ချိတ်ပေးရင်း.. အားလုံးပဲ အလွယ်တကူ Windows 7
ဗါးရှင်းအားလုံးကို DVD တစ်ခွေထဲမှာ အသုံးပြုလို့ ရအောင် ပြန်လည်
မျှဝေပေးလိုက်ပါတယ်..။ Laptop Series လို့ မူရင်းတင်ပေးထားတဲ့ ဆိုဒ်မှာ
ရေးပေးထားပေမယ့် Desktop တွေမှာလည်း အသုံးပြုလို့ ရပါတယ်..။ 350 MB
စီရှိတဲ့ အပိုင်းအားလုံးပေါင်း ၁၃-ပိုင်းကို ဒေါင်းယူပြီးရင်..
ဖိုင်တွေ ပြန်ပေါင်းတတ်အောင်နဲ့ WinRAR Password ထည့်တတ်အောင် အောက်မှာ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ Upload
တင်ထားတဲ့ဆိုဒ်မှာ ဒေါင်းလော့ယူတတ်အောင်ပါ တဆင့်ချင်းစီ ပြပေးထားပါတယ်..။
ဒီဖိုင်တွေကို ဆိုဒ်သုံးခုမှာ ၁၃-ပိုင်းစီနဲ့ တင်ပေးထားတာ ဖြစ်ပါတယ်..။
ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ ဖိုင်တွေ ပြန်ပေါင်းပေးတဲ့အခါမှာတော့ အပိုင်း ၁-ကနေ
၁၃-ထိ ရှိဖို့ လိုပါတယ်..။ ဟိုးအရင်တုန်းကလည်း ဒီလို Windows 7 (48-in-1)
တစ်ခု ရှာတွေ့တုန်းက တင်ပေးဖူးပါတယ်..။ အဲ့ဒီတုန်းကတော့ ဒေါင်းလော့လင့်ကို
အခုလိုမျိုး ကျော်ရမယ့် Web pages တွေ မခံပဲ ဒီအတိုင်း တင်ပေးလိုက်တာ
၃ရက်အတွင်း ဖိုင်တွေ အဖျက်ခံလိုက်ရပါတယ်..။ အခုတော့ အဲ့လို မဖြစ်အောင်
ဆိုဒ်သုံးခုစလုံးက လင့်တွေကို အဆင့်ဆင့် Web pages တွေ
ခံပေးထားပါတယ်..။ ဒေါင်းယူရမယ့် သူများအတွက်
စိတ်ညစ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဖိုင်တွေတော့
ကြာကြာခံပါလိမ့်မယ်..။
နောက်ပြီး ဒီဖိုင်တွေကို ပြန်ပေါင်းပြီးလို့ ISO ဖိုင်နဲ့ ရလာရင် ကျန်ခဲ့တဲ့ တစ်ပါတ်က တင်ပေးထားတဲ့ Windows 7 OS + Mac OS X 2013 ပိုစ့်မှာ
လုပ်ပြပေးထားတဲ့အတိုင်း ဝင်းဒိုးဖိုင်ကို DVD အခွေကူးနည်း၊ USB 8-GB
ထဲထည့်နည်းတွေက အားလုံးအတူတူပါပဲ..။ အဲ့ဒီလိုလုပ်နည်းကို
လိုအပ်တဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ ဒီ Windows 7 -
48in1 ကိုလိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။
ဖိုင်ဆိုဒ်ကတော့ အပိုင်းအားလုံးပေါင်း 4.17 GB ရှိပါတယ်..။
အဲ့ဒီဖိုင်တွေထဲမှာ Windows 7 Loader လေးပါ ဒီဖိုင်တွေကို Upload တင်တဲ့သူက
ထည့်ပေးထားပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါပဲ..။ Get Unlock Code ကို အကောင့်ဖွင့်ပြီး ယူစရာ မလိုတော့ပဲ Unlock Code ကျော်နည်း ပိုစ့်အတိုင်း အဲ့ဒီဒေါင်းလော့လင့် ယူရမယ့်စာမျက်နှာ ရောက်ရင် နောက်က /new.php စာသားကို
Browser ရဲ့ Address Bar မှာထပ်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..။
ဒီဖိုင်တွေကို ဒေါင်းယူဖို့ လင့်တွေကို ဝင်ယူလို့ ရသွားပါပြီ..။
ဒီအောက်က ရေးပြထားတဲ့ အတိုင်း ဝင်းဒိုးတင်တဲ့အခါ မိမိတို့ စက်နဲ့ အမျိုးအစားတူတဲ့ ဝင်းဒိုးဗါးရှင်းကို ရွေးပြီး တင်ပေးရမှာပါ..။
List Windows 7 (48-in-1):
(01) Windows 7 MSDN Ultimate 32-bit
(02) Windows 7 MSDN Professional 32-bit
(03) Windows 7 MSDN Home Premium 32-bit
(04) Windows 7 MSDN Home Basic 32-bit
(05) Windows 7 MSDN simplified version of 32-bit
(06) Windows 7 MSDN Ultimate 64-bit
(07) Windows 7 MSDN Professional 64-bit
(08)Windows 7 MSDN Home Premium 64-bit
(09) Windows 7 MSDN Home Basic 64-bit
(10) Windows 7 OEM Ultimate 32-bit general-purpose
(11) Windows 7 OEM Universal Professional Edition 32-bit
(12) Windows 7 OEM Home Premium 32-bit general-purpose
(13) Windows 7 OEM Universal Home Basic 32-bit
(14) Windows 7 OEM Vervison of 32-bit general-purpose summary
(15) Windows 7 OEM Ultimate 64-bit general-purpose
(16) Windows 7 OEM Universal Professional Edition 64-bit
(17) Windows 7 OEM Home Premium 64-bit general-purpose
(18) Windows 7 OEM Universal Home Basic 64-bit
(19) Windows 7 Ultimate Lenovo (support Thinkpad) 32-bit
(20) Windows 7 Ultimate Lenovo (support Thinkpad) 64-bit
(21) Windows 7 Ultimate 32-bit Dell
(22) Windows 7 Ultimate 64-bit Dell
(23) Windows 7 Ultimate 32-bit HP
(24) Windows 7 Ultimate 64-bit HP
(25) Windows 7 Ultimate 32-bit Compaq
(26) Windows 7 Ultimate 64-bit Compaq
(27) Windows 7 Ultimate 32-bit Acer
(28) Windows 7 Ultimate 64-bit Acer
(29) Windows 7 Ultimate 32-bit Asus
(30) Windows 7 Ultimate 64-bit Asus
(31) Windows 7 Ultimate 32-bit BenQ
(32) Windows 7 Ultimate 64-bit BenQ
(33) Windows 7 Ultimate 32-bit Founder
(34) Windows 7 Ultimate 64-bit Founder
(35) Windows 7 Ultimate 32-bit Shenzhou
(36) Windows 7 Ultimate 64-bit Shenzhou
(37) Windows 7 Ultimate 32-bit MSI
(38) Windows 7 Ultimate 64-bit MSI
(39) Windows 7 Ultimate 32 Samsung
(40) Windows 7 Ultimate 64-bit Samsung
(41) Windows 7 Ultimate 32-bit Sony
(42) Windows 7 Ultimate 64-bit Sony
(43) Windows 7 Ultimate 32-bit Toshiba
(44) Windows 7 Ultimate 64-bit Toshiba
(45) Windows 7 LG Ultimate 32-bit
(46) Windows 7 LG Ultimate 64-bit
(47) Windows 7 Ultimate Fujitsu (Fujitsu Siemens support) 32-bit
(48) Windows 7 Ultimate Fujitsu (Fujitsu Siemens support) 64-bit
ဒေါင်းလော့ယူတဲ့ စာမျက်နှာကို ရောက်ရင် အောက်ကပုံအတိုင်း အပိုင်း-၁ ကနေ
စပြီး ဒေါင်းယူပါတယ်..။ ဒီဖိုင်တွေကို ဒေါင်းယူတဲ့အခါ အပိုင်းတစ်ခုပြီးမှ
နောက်တစ်ခုကို ဒေါင်းယူလို့ အဆင်ပြေမှာပါ..။ တချိန်တည်းမှာ အပိုင်း ၃၊၎
ကို ဒေါင်းယူလို့ အဆင်မပြေပါဘူး..။ လက်တွေ့စမ်းချင်တဲ့သူများကတော့
စမ်းသပ်ကြည့်နိုင်ပါတယ်..။ ကျနော်ကတော့
တပိုင်းချင်းစီပဲ ဒေါင်းယူပါတယ်..။ အောက်ကပုံလေးတွေ အတိုင်း အဆင့်ဆင့်
လုပ်ပေးပြီး ဒေါင်းယူလိုက်ပါဗျာ..။
အပိုင်း-၁ ပေါ်မှာ မောက်စ်မျှားတင် Right Click >> Open Link in new
tab ကို နှိပ်လိုက်ရင် နောက်စာမျက်နှာမှာ အောက်ကပုံအတိုင်း
ဆက်လုပ်ပေးလိုက်ပါ..။ ဒီလို New Tab နဲ့ သွားတဲ့အတွက်
ဒီအပိုင်းတွေကို ပြန်ရှာဖို့ မလိုတော့ပဲ အလွယ်တကူ ကျန်တဲ့ အပိုင်းတွေကို
ပြန်ဝင်ယူလို့ ရသွားပါတယ်..။
အပေါ်ပုံအတိုင်း စာလိမ်ဖြည့်ပြီးရင် စက္ကန့်-၆၀ စောင့်နေပေးပါ..။ ပြီးမှ Create Download Link ကို နှိပ်လိုက်ပါ..။
အပေါ်ပုံအတိုင်း ထပ်ပေါ်လာတဲ့အခါ နှိပ်ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း အပိုင်းတစ်ကို စပြီး ဒေါင်းယူလို့ ရပါပြီ..။
ဒီအောက်ကပုံလေးတွေကတော့ တခြားဆိုဒ် ၂ခုမှာ တင်ပေးထားတဲ့ ဖိုင်လေးတွေကိုလည်း ဒေါင်းယူလို့ ရကြောင်းပါ..
ဖိုင်တွေအားလုံး ဒေါင်းယူပြီးလို့ ဖိုင်ပြန်ပေါင်းတဲ့ အခါမှာတော့ Password က အောက်မှာ ရေးထားတဲ့အတိုင်း koskomputer.blogspot.com ကိုထည့်ပေးရမှာပါ..။ အောက်ကပုံလေးတွေ အတိုင်း လိုက်လုပ်ပေးလိုက်ပါ..။
Rar password: koskomputer.blogspot.com
အပေါ်ပုံအတိုင်း Password ထည့်ပြီး OK ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း ဖိုင်တခု ထွက်လာပါလိမ့်မယ်..။
ဖိုင်တွေဖြည်လို့ ပြီးသွားတဲ့အခါမှာတော့ အပေါ်ကပုံအတိုင်း 4.14 GB ရှိတဲ့ Windows 7 48 မျိုးပါတဲ့ (Windows
7 All-in-One) ISO ဖိုင်ကို ရရှိပါပြီ..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း
ဝင်းဒိုး Activate လုပ်ဖို့အတွက် Windows 7 Loader လေးလည်း ပါလာပါတယ်..။
ကျနော့်စက်မှာ ဝင်းဒိုးတင်ပြီးသွားတဲ့ အခါမှာတော့
စက်အမျိုးအစားလိုက် ရွေးပြီးတူတာကို
တင်ထားတဲ့အတွက် အောက်ကပုံလိုမျိုးလေး ပေါ်နေပါတယ်..။ လိုအပ်တဲ့သူများကတော့
ဒီဖိုင်တွေ မပျက်ခင် အမြန်သာ ဒေါင်းယူထားကြပါဗျာ..။ ဒီလောက်ဆိုရင်တော့ ဒီ
W7 ISO ဖိုင်လေးနဲ့ အဆင်ပြေလောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။
No comments:
Post a Comment