6 Sep 12, 06:16 AM
aungmyatzaw: အကိုရယ်
ကျနော် စက်မှာ window media player ဖွင့်လို့မရတော့ဘူး window media
ကိုဖွင့်လိုက်လျင် Server execution failed ဆိုတဲ့ massage boxတက်လာတယ်
အကိုရယ် ကူညီပါအုံး ကျေးဇူးတင်ပါတယ် ကျနော်စက်က window 64bit ပါ
11 Sep 12, 03:09 AM
aungmyatzaw.91@gmail.com: အကိုရယ်
ကျနော့်စက်မှာ window media playar ဖွင့်မရသေးဘူး
အကိုဟိုတခါပေးတဲံအတိုင်းလုပ်ပါတယ် ဒါပေမဲ့မရသေးဘူး အကိုရယ်
နောက်လုပ်တဲ့နည်းလေးရှိရင် ကျနော်အတွက် ပို့ပေးပါအုံးလား အကိုရယ်
ကျေးဇူးတင်လှက် အကို ဒီထက်မကအောင်မြင်ပါစေနော်း�
ဒီနည်းလေးက Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ ဒီအပေါ်က
အစ်ကိုရေးထားသလို Window Media Player Error အတွက် ဒီနည်းလေးနဲ့
အဆင်ပြေမယ်ထင်ပါတယ်..။ ဟိုတနေ့က ပေးထားတဲ့လင့်က လုပ်နည်းလေးကို English
လို ရေးထားတဲ့ ဆိုဒ်တခုကို ရှာပြီးပေးလိုက်တာပါ..။ အဲ့နေ့က မအားလို့
ဒီနေ့တော့ Error ရှင်းနည်း နောက်တမျိုးကို နားလည်လွယ်အောင်
ပုံလေးတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုအဲရာတွေ အများဆုံးဖြစ်တတ်တာ
Windows ထဲမှာရှိတဲ့ Window Media Player 12 ကို ထည့်လိုက်တဲ့အခါ ဒါမှမဟုတ်
Update လုပ်လိုက်မိတဲ့အခါ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်..။
အခုဒီနည်းက Window Media Player 12 ကို ထုတ်ပစ်ပြီး Window Media Player 11
ကိုပြန်ပြီး ထည့်ပြမယ့်နည်းလေးပါ..။ Window Media Player 12 ကို
ထုတ်တာ ရိုးရိုးထုတ်လို့ မရပါဘူး..။ သူ့ဖိုင်တွေရှိတဲ့ နေရာတွေကို
လိုက်ရှာပြီး ထုတ်ပစ်ပေးရပါမယ်..။ ဒါကြောင့် အဲ့လို အဲရာဖြစ်တဲ့သူများ
အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။
တကယ်လို့ Player 11 မှာဖြစ်ရင် Player 10 ကိုယူပြီးထည့်ပါ..။ အောက်မှာ
လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် Player ကို
ရှာပြီး အရင် ဒေါင်းယူလိုက်ပါဗျာ..
Windows Media Player 11 For W7 (11.7 MB)
Get More Windows Media Player (WindowsXP/WindowsVista/Windows7/Mac OS X/Windows Phone/Windows Server 2003/Windows Server 2008)
Windows Media Player Direct Download Link
Windows Media Player Error တက်နေတဲ့စက်တွေမှာ ပြန်ကောင်းလာဖို့ ဆိုရင်
အပေါ်က ဒေါင်းလော့လင့်တွေကနေ Windows Media Player တခုခုကို အရင်
ဒေါင်းယူထားပါ..။ ပြီးမှ ဒီနည်းလေးနဲ့ လုပ်ပေးလိုက်ရင်
ကောင်းသွားပါလိမ့်မယ်..။ အရင်ဆုံး မိမိတို့စက်ရဲ့ Control Panel >
Programs and Features ကနေ အောက်ကပုံလေးအတိုင်း သွားလိုက်ပါ..။ Turn
Windows Feature on or off စာသားကို တချက်ကလစ်လိုက်ပါ..။ ဒါဆိုရင်
ဒုတိယပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..
အပေါ်ပုံလေးအတိုင်း ပေါ်လာပြီးရင် အောက်ကပုံလေးအတိုင် ဆက်လုပ်ပေးလိုက်ပါ..
အပေါ်ပုံမှာ အမှန်ခြစ်လေတွေဖြုတ်ပြီးသွားရင် Windows Media Player စာသားကို
တချက်ကလစ်ပြီး OK ပေးလိုက်ပါ..။ အေက်ပုံအတိုင်းပေါ်လာရင်
ခဏစောင့်ပေးလိုက်ပါ..။
Restart စာသားပေါ်လာရင် တချက်ကလစ်ပြီး စက်ကို Restart ချပေးလိုက်ပါ.. အောက်က
ABCD ပုံလေးတွေအတိုင်း ပေါ်နေပါလိမ့်မယ်..။ ပြီးရင်တော့
စက်ပြန်ပွင့်လာပါလိမ့်မယ်...။
ဝင်းဒိုးပြန်တက်၊ပွင့်လာရင် အခုကျနော်တင်ပေးထားတဲ့ Windows Media Player 11 နဲ့ လုပ်ပြပါမယ်..။ ဒါကြောင့် ဒီကောင်လေးကို ၂ချက်တောက်ပြီး Install ဆွဲထည့်လိုက်ပါ.. အောက်ကပုံလေးပါ..
အောက်ကပုံလေးလို ဘောက်စ်လေးတွေ ပေါ်လာရင် OK ပေးလိုက်ပါ..။
Install ဆွဲပြီးသွားရင် Finish မပေးပါနဲ့ လုပ်စရာကျန်ပါသေးတယ်..။
Regedit ထဲကို ဝင်မှာဖြစ်တဲ့အတွက် Start>Search နေရာမှာ regedit လို့
ရိုက်ထည့်လိုက်ပါ.. အပေါ်ဆုံးမှာ ပေါ်လာတဲ့ Regedit ဖိုင်လေးကို
တချက်ကလစ်လိုက်ပါ..။
အပေါ်ပုံလေးပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်..။
အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။
Installed Version ဆိုတဲ့ ဖိုင်လေးကို Right Click ထောက်ပြီး ဖျက်ပေးလိုက်ပါ..။ အပေါ်ပုံ..။ အောက်ကပုံမျိုးပေါ်လာရင် Yes ပေးလိုက်ပါ..။
အပေါ်ပုံမှာ Yes ပေးပြီးရင် အဲဒီဘောက်စ်လေးကို အနီရောင်ကြတ်ခြေခတ်နဲ့
ဖျက်ပစ်လိုက်ပါ..။ ပြီးရင် Finish ပေးဖို့ ရပ်ထားတဲ့ Install ဆွဲပြီးခါစ
ဖိုင်ကို Finish ပေးလိုက်ပါ..။ စက်ကို Restart ချပါ..။
စက်ပိတ်ပြီး ပြန်ပွင့်လာရင် အောက်ကပုံလေးတွေအတိုင်း ဆက်လုပ်ပေးပါ..။ Computer ကိုဖွင့်ပြီး (C:) ထဲကို ဝင်ပါ..။
Windows Media Player ဖိုင်ထဲကို အပေါ်ပုံတွေအတိုင်း
အဆင့်ဆင့်ဝင်သွားပြီးရင် အောက်ကသူ့ရဲ့ ဖိုင်ထဲက wmplayer ဆိုတဲ့
ဖိုင်လေးပေါ်မှာ Right Click ထောက်ပြီး အောက်ကပုံအတိုင်း နှိပ်သွားလိုက်ရင်
Desktop မှာ သူ့ရဲ့ Icon လေးပေါ်လာပါလိမ့်မယ်..။
Desktop မှာပေါ်လာပါပြီ..။ အပေါ်ပုံမှာ ပြထားသလို Taskbar မှာ မရောက်သေးတဲ့
အတွက် အောက်ကပုံမှာပြထားသလို သူ့ရဲ့ Icon Shortcut ပုံလေးကို မောက်စ်နဲ့
ဖိဆွဲပြီး Taskbar ပေါ်တင်ပေးလိုက်ရင် Taskbar ပေါ်မှာ Windows Media Player
ပုံလေး ရောက်သွားပါပြီ..။ အောက်ကပုံလေးပါ..။
ပြီးရင်တော့ ကျနော်တို့ သီချင်းတွေကို Windows Media Player နဲ့ ဖွင့်လို့
ရအောင် လုပ်ပါတော့မယ်..။ အောက်ကပုံလေးတွေကို
ဆက်ကြည့်လိုက်ပါဗျာ..။ အောက်ကပုံမှာ သီချင်းတွေက Windows Media Player
မရှိတော့တဲ့ အချိန်မှာ တခြား Player တွေနဲ့ ဖြစ်နေပါလိမ့်မယ်..။ အဲဒါကို
ကျနော်တို့က Windows Media Player ပုံနဲ့ ဖြစ်အောင်
လိုက်ပြောင်းပေးလိုက်ရင် ဒီသီချင်းတွေကို ဖွင့်တဲ့အခါ တခြား Player တွေနဲ့
မပွင့်တော့ပဲ Windows Media Player နဲ့ ပွင့်လာပါလိမ့်မယ်..။ လုပ်နည်းကို
ဆက်ကြည့်ပါဗျာ..။ မိမိတို့ ပြောင်းချင်တဲ့ သီချင်းပေါ်မှာ Right
Click ထောက်ပါ..။ Properties ကိုကလစ်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲမှာ Change
ကိုထပ်ကလစ်ပါ..။ အောက်ပုံ..
Change ကနေ Windows Media Player ပုံလေးကို ရွေးပေးပြီး အောက်ကပုံလေးအတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ပါ..။
အောက်ကပုံမှာ ကြည့်ပါ.. Windows Media Player ပုံတခုပြောင်းသွားပါပြီ..။ ကျန်တဲ့ဟာတွေ ကျန်ပါသေးတယ်..။
အပေါ်ကနည်းအတိုင်း ကျန်တဲ့ကောင်လေးတွေကို လိုက်ပြောင်းပေးဖို့ Right Click >> Properties >> Change ကို ထပ်သွားလိုက်ပါ.. အောက်ပုံ..
ဒီသီချင်းဖိုင်လေးတွေ အတွက်တော့ Windows Media Player အိုင်ကွန်လေး
မရှိသေးပါဘူး..။ ဒါကြောင့် ကျနော်တို့က
အဲဒီဖိုင်လေးထဲမှာ ရောက်အောင် အောက်ကပုံမှာ မျှားပြထားတဲ့ နေရာကို
တချက်ကလစ်လိုက်ပါ..။
အဲဒီနေရာမှာလည်း Windows Media Player မရှိသေးပါဘူး..။ အဲ့တော့
ကျနော်တို့က အောက်ကပုံ မျှားပြထားတဲ့နေရာ Browse ကနေ
သွားယူပါမယ်..။ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..
Browse ကနေ သွားလိုက်ရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း (C:)>>Program
Files>>Windows Media Player ဖိုင်ထဲကို ဝင်သွားလိုက်ပါ..။
Windows Media Player ဖိုင်ထဲကို ရောက်ရင် အောက်ကပုံမှာပြထားတဲ့ wmplayer ဖိုင်လေးကို တချက်ကလစ်ပြီး Open ကိုနှိပါ..။
ဒါဆိုရင် အောက်ကပုံလေးအတိုင်း Windows Media Player ပုံလေး Open with
ဆိုတဲ့ ဘောက်စ်လေးထဲကို ရောက်လာပါပြီ..။ အခုရောက်လာတဲ့ Windows Media
Player ပုံလေးကို တချက်ပြီး အောက်ကပုံလေးအတိုင်း လိုက်လုပ်သွားလိုက်ပါ..။
Apply>>Ok ပေးပြီးရင်တော့ အပေါ်ပုံမှာ Windows Media Player ပုံလေးတွေ
အားလုံးဖြစ်ကုန်ပါပြီ..။ အဲဒီသီချင်းဖိုင်လေးတွေကို
၂ချက်တောက်လိုက်တာနဲ့ Windows Media Player နဲ့ သီချင်းတွေ
ပွင့်လာပါလိမ့်မယ်..။ သီချင်းပါ တခါတည်း ဖွင့်ပြပြီး
ဓါတ်ပုံရိုက်ပြပေးလိုက်ပါတယ်..။ အောက်ကပုံလေးပါ..။
ဒီလောက်ဆိုရင်တော့ ဒီနည်းနဲ့ Windows Media Player အဲရာကို ဖြေရှင်းလို့ ရလောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...။
ဒီပိုစ့်ကို PDF ဖိုင်နဲ့ ပြန်လည်ထုတ်ပေးထားပါတယ်..
No comments:
Post a Comment