Wednesday 16 October 2013

Windows 8 AIO 16 in 1 RTM (MSDN Original ISO)


 Windows 8 - 16 in 1 ISO ဖိုင်လေးရှာတွေ့ထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်.. Windows 8 ဗါးရှင်းမျိုးစုံ အသုံးပြုချင်တဲ့သူများအတွက် DVD တခွေတည်းနဲ့ အဆင်ပြေစေမယ့် ကောင်လေးပါ.. DVD တချပ်ထဲမှာ Windows 8 ဗါးရှင်း 16 မျိုးထည့်ထားတာ ဖြစ်လို့.. ဝင်းဒိုးတင်တဲ့အခါ မိမိတို့ အသုံးပြုချင်တဲ့ Windows 8 ဗါးရှင်းကို ရွေးပေးလိုက်ယုံပါပဲ.. အောက်ဆုံးမှာ ဝင်းဒိုးဗါးရှင်း ရွေးပေးရမယ့်နေရာကို ရောက်ရင် ရွေးတတ်အောင်လို့ ပုံလေးနဲ့ပါ ပြပေးထားပါတယ်..။ ဒီဝင်းဒိုးခွေကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.37 GB ရှိပါတယ်.. ဒေါင်းလော့ယူရ အဆင်ပြေအောင် ဒါရိုက်လင့်ကို ပြန်လည်ချိတ်ပေးထားပါတယ်..။ ဖိုင်တွေ ဒေါင်းယူနည်းကတော့ မနေ့ကတင်ပေးထားတဲ့ ဒေါင်းလော့ချနည်း ပိုစ့်အတိုင်းပါပဲ..

(21.4.2013။ ။ဒီနေ့ရေးထားခဲ့တဲ့ Comments လေး.. စေတနာပါရင် Direct Link နဲ့ ချိတ်ပေးလိုက်ပါ.. ဆိုတဲ့  Centre King ရဲ့ Comment လေးကြောင့် စိတ်မကောင်းဖြစ်ရပါတယ်..။ ဒီလင့်တွေ အားလုံးက OXAVA.COM က တင်ပေးထားတဲ့ လင့်အတိုင်း မူရင်းလင့်တွေနဲ့ ချိတ်ပေးထားပြီးသားပါ..။ ဒေါင်းလို့ရတဲ့ အချိန်တုန်းက ဒေါင်းယူထားတဲ့ သူများကတော့ အသုံးပြုနေကြပါပြီ..။ ဒီပိုစ့်ရဲ့ အောက်က Comments တွေမှာ လိုက်ရှာဖတ်ကြည့်ပါ..။ ရတဲ့သူတွေ ရသွားပါပြီ..။ Windows 8 (4in1) နဲ့ Windows 8 (16in1) လင့်တွေကို ကျနော် ပြန်ရှာနေတာ ကြာပြီ..။ အခုလို လင့်တွေနဲ့၊ ဝဘ်ဆိုဒ်ပျက်သွားတော့မှ ပြန်ဒေါင်းယူချင်လို့ မရတော့ပါ..။ ဒီဝင်းဒိုး ISO ဖိုင်တွေကို တင်ပေးထားတဲ့ မူရင်းဆိုဒ်က အဖျက်ခံလိုက်ရပါပြီ..။ ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်..။ www.oxava.com  ။ ဒါကြောင့်ပဲ ဒီလင့်တွေကို ပြန်ပြင်ပေးဖို့ မရတော့တာပါ..။ လိုအပ်ရင်တော့ Microsoft က ဒါရိုက်ပေးထားတဲ့ တခြား Windows 8 (90 days) အခွေကို ဒီလင့်ကနေ ဝင်ယူလို့ ရပါတယ်..။ Windows 7 (All in One) ၊ Windows 8 (4in1) နဲ့ Windows 8 (16in1) အခွေတွေက Microsoft က ပေးတာ မဟုတ်ဘူးဆိုတာတော့ သိထားဖို့ လိုပါတယ်..။ Microsoft ကမဟုတ်တဲ့ တခြား အပြင်က ပညာရှင် (ဟတ်ကာ) တွေက ပြန်လည် ဖန်တီးပေးထားတယ်ဆိုတာလည်း ဗဟုသုတအနေနဲ့ သိထားသင့်ပါတယ်..။ ဟတ်ကာရန် ကြောက်ရင်တော့ ဒီအခွေတွေနဲ့ ဖရီးဆော့ဝဲလ်တွေ မသုံးပါနဲ့..။ ကျနော်တို့လို မျှဝေပေးနေတဲ့ သူတွေကို အပစ်တင်မယ့်အစား မိမိကိုယ်ကို ဗဟုသုတရှိအောင် အရင်ကြိုးစားသင့်ပါတယ်..။ ဒါမှသာ အကောင်းမြင်တတ်လာမှာပါ..။ ဒီအောက်ကလင့်တွေကနေလည်း ဒီဝင်းဒိုးအခွေတွေကို ဒေါင်းယူလို့ မရတော့ပါဘူး..။ လင့်တွေအားလုံး ပျက်ကုန်ပါပြီ..။ နောက်ပိုင်းမှာ တခြားဆိုဒ်တွေက ပြန်တင်ပေးခဲ့ရင်တော့ ကျနော် ပိုစ့်တင်ပေးပါအုန်းမည်..။ 4 GB လောက်ရှိတဲ့ ဝင်းဒိုးအခွေကို ကျနော်သုံးနေတဲ့ Connection နဲ့ ပြန်တင်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ..။ 100 MB လောက်ဆိုရင်ပဲ ကျနော့် Connection နဲ့ အတော်ကြာကြာ Upload တင်နေရတာပါ..။  အားလုံးပဲ ဒေါင်းလို့မရတော့တဲ့ ဆော့ဝဲလ်တွေအတွက် ကျနော့်ကို နားလည်ပေးနိုင်ကြပါစေဗျာ..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှ  Centre King ရဲ့ Comment ကို ကျနော့် Blog မှာ မရှိစေချင်တဲ့အတွက် ကျနော် ဖျက်ထားလိုက်ပါပြီ..။


ပါဝင်တဲ့ Windows 8 ဗါးရှင်းတွေကတော့ အောက်ကအတိုင်းပါပဲ..
(No product key is needed.)

Windows 8 x86
Windows 8 N x86
Windows 8 Pro x86
Windows 8 Pro VL x86
Windows 8 Pro N x86
Windows 8 Pro with Media Center x86
Windows 8 Enterprise x86
Windows 8 Enterprise N x86
Windows 8 x64
Windows 8 N x64
Windows 8 Pro x64
Windows 8 Pro VL x64
Windows 8 Pro N x64
Windows 8 Pro with Media Center x64
Windows 8 Enterprise x64
Windows 8 Enterprise N x64

အောက်ကပုံကတော့ ကျနော်ဒေါင်းလော့ယူလို့ အဆင်ပြေတဲ့ ပုံလေးပါ..



Windows 8 တင်တဲ့အခါမှာတော့ အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုချင်တဲ့ ဝင်းဒိုးဗါးရှင်းကို ရွေးပြီး တင်လိုက်ယုံပါပဲ.. Windows ISO ဖိုင်တွေ အခွေကူနည်းကို Windows 8 - 4 in 1 ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..

No comments: