Friday 14 June 2013

Advanced SystemCare Free 6.2.0.254 (0424) Final

အရင်တုန်းကလည်း ဒီကောင်လေး Update ထွက်တိုင်း တင်ပေးခဲ့ဖူးပါတယ်..။ အခုဒီဗါးရှင်းကတော့ Advanced SystemCare Free 6.2.0.254 (0424) Final နောက်ဆုံးထွက်လေးပါ..။ မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေထဲမှာ ရှိနေတဲ့ အမှိုက်တွေကို ရှင်းလင်းပေးနိုင်တဲ့ ကောင်လေးပါ..။ Registry Error တွေကို ပြန်လည် Repair လုပ်ပေးနိုင်တဲ့ နာမည်ရဆော့ဝဲလ်တခုပါ..။ ဒီကောင်လေးကို အသုံးမပြုခင် မိမိတို့ရဲ့ဝင်းဒိုးမှာ Restore Point တခု ဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ ဒီလို System Repair တူးတွေကို အသုံးပြုပြီးတဲ့အခါမှာ အဆင်မသင့်ရင် ဝင်းဒိုးမှာ ပြဿနာပေါ်တတ်ပါတယ်..။ ဒါကြောင့် အဲ့လို ဖြစ်ခဲ့ရင် Restore Point နဲ့ နောက်ပြန်သွားလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးထဲမှာ Restore Point ဖန်တီးနည်းတွေနဲ့ အသုံးပြုနည်းတွေကို ကျနော့် Blog မှာ ပိုစ့်တွေ တင်ပေးထားခဲ့ပြီးသားပါ..။ ဒါကြောင့်မို့ အများကြီး ရှင်းမပြေတော့ပါဘူး..။ မသိသေးတဲ့ သူများကတော့ ကျနော့် Blog မှာ ရှာဖတ်ကြည့်နိုင်ပါတယ်..။ အခုဒီ Advanced SystemCare Free ဗါးရှင်းလေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 21.4 MB ရှိပါတယ်..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ၊ အသုံးပြုနည်းကို အရင်တုန်းက ပိုစ့်တခုဖြစ်တဲ့ Advanced SystemCare အသုံးပြုနည်းပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။


No comments: