Friday 14 June 2013

PC Optimizer Pro 6.4.6.4 Final


 ဒီကောင်လေးက PC Optimizer Pro 6.4.6.4 Final နောက်ဆုံးထွက် ဗါးရှင်းလေး.. ကျနော်တို့ ကွန်ပျူတာနဲ့ Browser တွေကို နေ့စဉ်အသုံးပြုပြီးတိုင်း ဒီကောင်လေးနဲ့ အမှိုက်တွေရှင်းပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ရင် ကွန်ပျူတာနဲ့ Browser တွေကို မြန်လာစေမယ့် ဆော့ဝဲလ်ကောင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ ရအောင် patch နဲ့ ဖူးလုပ်အသုံးပြုရမှာ ဖြစ်ပြီး အသုံးမပြုတတ်သေးတဲ့ သူများအတွက် ဒီပိုစ့်ရဲ့ အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ပြပေးထားပါတယ်..။  အရင်တုန်းကလည်း ဗါးရှင်းအဟောင်းတခုကို အသုံးပြုနည်းနဲ့ပါ တင်ပေးထားခဲ့ပါတယ်..။ ဒီလင့်မှာပါ..။ အခုဒီနောက်ဆုံးထွက်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ရှိပါတယ်..။

ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။ ဖိုင်တွေ ဒေါင်းလော့ယူလို့ အဆင်မပြေသေးတဲ့ သူများကတော့ Blog ညာဘက်မှာ တင်ပေးထားတဲ့ ဒေါင်းလော့ယူနည်း ပိုစ့်ကို ကြည့်ပေးပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။




Install ထည့်ပြီးတာနဲ့ ဒီကောင်လေးကို ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ Desktop က ဒီကောင်လေးရဲ့ Icon ပုံလေးပေါ်မှာ Right Click >> Properties >> Open Files Location နဲ့ ပေါ်လာတဲ့ ဒီကောင်လေးရဲ့ ဖိုင်တွေထဲကို patch ဖိုင်လေး copy-paste နဲ့ ထည့် ၊ အဲ့ဒီပေါ်မှာ မောက်စ်မျှားတင် Right Click >> Run as Administrator >> patch ကိုတချက်နှိပ်ပြီး PATCHING DONE ဆိုရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပြီဖြစ်လို့ အဆင့်ဆင့် နောက်ပြန် တခုစီ ပိတ်ပေးလိုက်ပါ..။ နောက်ဆုံးမှာ Apply >> OK ပေးလိုက်ရင် ဒီကောင်လေးကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အောက်ကပုံမှာတော့ လိုတဲ့ နေရာကိုပဲ ပြပေးထားပါတယ်..။ IDM ကို patch နဲ့ ဖူးလုပ်တတ်ရင် ဒီကောင်လေးကိုလည်း လုပ်တတ်ပါတယ်..။



patch ထည့်ပြီးသွားလို့ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင်တော့ ကျနော် ဒီအောက်က ပုံအတိုင်း လုပ်ပေးလိုက်ပါတယ်..။



Scan Now ကို နှိပ်ပြီး စောင့်နေလိုက်ပါ..။  



အပေါ်ပုံအတိုင်း ထပ်ပေါ်လာရင်တော့ Clean All Now စာသားကို တချက်နှိပ်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံအတိုင်း Restore Point တခုကို ဖန်တီးပေးထားမှာ ဖြစ်ပြီး ၊ ပြီးသွားရင် မလိုအပ်တဲ့ စက်ကိုလေးစေတဲ့ ဖိုင်တွေကို ရှင်းပေးသွားမှာ ဖြစ်ပါတယ်..။ 





အပေါ်က အဆင့်တွေ ပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ..။ 


 ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုလို့ ပြီးသွားပါပြီ..။ အပေါ်ပုံမှာ ပြထားတာကတော့ တခြားကျန်နေတဲ့ Features ကို မိမိတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုပေးရမှာပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments: