Friday 14 June 2013

Kaspersky Rescue Disk 10 - May 7, 2013 (ISO)


ကျော်စွာ  22 April 2013   04:55
အစ်ကိုရေကျွန်တော်usbနဲတင်တာမရှင်းလို.ဝင်းဒိုးတတ်ခါစမှာf2 ကိုပေးတာနှိတ်တာboot တို.ဘာတို.ထဲတော.ရောက်တယ်ဘာမှဆက်လုပ်လို.မရလိုလေးငါးဆယ်ခါလောက်ရှိပြီတိုင်ပတ်နေလို..အဆင်ပြေရင်အစ်ကိုဗွီဒီယိုဖိုင်လေးနဲ.ပြပေးပါလားအရေးကြီးလို.ပါ
ခါးခါး  3 May 2013   02:23
up to date မဖြစ်ဘူးလို့ ပြောနေတယ် စကင်ဖတ်လို့ မရကြောင်းပါခင်ဗျာ ကျေးဇူးအထူးတင်ရှိကြောင်း
ye naung   7 May 2013   16:59
အကိုရေကျွန်တော် Restart ချပြီတော့ F2 နှိပ်တာပဲ.ပြီးတော့ Boot ကိုသွားတယ်..ပြီးတော့ usb ကိုရွေးပြီး F10 & enter နှိပ်လိုက်တာ..၀င်းဒိုးပဲပြန်တက်သွားတယ်.အကိုပြတာတွေပေါ်မလာဘူးဗျာ..restart ချတာလဲ 10 ခါလောက်ရှိနေပြီ..ကျွန်တော်ဘာများမှားနေလဲဗျာ.
ဒီ Kaspersky Rescue Disk 10 က ကျနော့် Blog ရဲ့ Popular ပိုစ့်ရဲ့ ထိပ်ဆုံးမှာ အမြဲရှိနေတာဖြစ်လို့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ ပုံတွေနဲ့ အသုံးမပြုတတ်သေးတဲ့ သူများအတွက် ကျနော် ဒီနေ့ပိုစ့်မှာတော့ Video ဖိုင်လေးတွေ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video တွေ ကြည့်လို့ ရအောင် လင့်ချိတ်ပေးထားပါတယ်..။ ဒီအပေါ်က Comments တွေမှာ ရေးပေးထားခဲ့တဲ့ သူများလို ဒီကောင်လေးကို အသုံးပြုဖို့ အဆင်မပြေသေးတဲ့သူများပါ ဒီ Video လေးတွေနဲ့ အဆင်ပြေသွားပါလိမ့်မယ်..။ Video ဖိုင်ထဲမှာ အသုံးပြုနည်းအပြင် ဒီကောင်လေးကို Update လုပ်တတ်အောင်ပါ ပြပေးထားတာ ပါပါတယ်..။ ဒီနောက်ဆုံးထွက် Update လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 304.1 MB ရှိပါတယ်..။ USB အတွက်ပါ ထည့်သုံးလို့ ရအောင် ဆော့ဝဲလ်လေး လင့်ချိတ်ပေးထားပါတယ်..။



အောက်မှာ Video ဖိုင်လေးနဲ့ လေ့လာနိုင်ပါတယ်..။ အပေါ်က Video က CD/DVD နဲ့ အသုံးပြုတတ်အောင် ပြပေးထားတာပါ..။ ISO ဖိုင်လေးကို အခွေကူပြီးပီဆိုရင်တော့ မိမိတို့စက် Restart မှာ ပေါ်တဲ့ F2 , F12 , Esc , Del စသဖြင့် ကီးတွေကို နှိပ်ပြီး Bios Setting ဝင်.. Boot တပ်နေရာမှာ CD/DVD (or) USB ပြောင်းပေးပြီး F10 >> Enter နှိပ်ပေးလိုက်ရင် ဒီကောင်လေးကို အသုံးပြုလို့ ရသွားပါပြီ..။ အောက်က Video ဖိုင်လေးတွေမှာလည်း လေ့လာကြည့်လိုက်ပါဗျာ..။

အောက်က Video ဖိုင်က USB ထဲကို ထည့်တတ်အောင် ပြပေးထားတာဖြစ်ပြီး Boot Setting ထဲကို ရောက်တဲ့အခါ အပေါ် Video မှာ ပြပေးထားတဲ့ CD/DVD ရွေးပေးရမယ့် နေရာမှာ USB စာသားပါတဲ့ စာကြောင်းကို အပေါ်တင်ပေးပြီး F10 >> Enter ခေါက်ပေးလိုက်ရင် USB နဲ့ အသုံးပြုလို့ ရသွားပါပြီ..။


အားလုံးပဲ Video ဖိုင်လေးတွေနဲ့ အဆင်ပြေကြပါစေ..

No comments: