Friday 14 June 2013

Unlocker 1.9.2 Final


Unlocker 1.9.2 Final နောက်ဆုံး Update လေးပါ..။ ဒီကောင်လေးက ကျနော်တို့ ဝင်းဒိုးထဲမှာ ရှိတဲ့၊ သိမ်းထားတဲ့ ဖိုင်တွေကို ရိုးရိုး Delete နဲ့ ဖျက်ပစ်လို့ မရတဲ့ အခါမှာ ဒီကောင်လေးကို အသုံးပြုပြီး ဖျက်ပစ်လို့ ရပါတယ်..။ အသုံးပြုနည်းက လွယ်ပေမယ့် မလုပ်တတ်တဲ့ သူများအတွက် ဘယ်ကနေ စ,ရမလဲဆိုတာ ခက်နေပါလိမ့်မယ်..။ ဒါကြောင့် ကျနော် အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေ စပြီး အသုံးပြုပြီးတဲ့ အထိ Antivirus တွေကို ပိတ်ပေးထားရမှာပါ..။ ဒါမှ ဒီ Unlocker ကို အသုံးပြုလို့ ရပါလိမ့်မယ်..။ ဒီကောင်လေးက Antivirus တွေနဲ့ မတည့်ပါဘူး..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်..။






Install ထည့်ပြီးတာနဲ့ အပေါ်ကပုံအတိုင်း သွားဖွင့်ပါ..။ အောက်ကပုံကတော့ ကျနော် နမူနာ လုပ်ပြမယ့် ပုံလေး..။ အဝါရောင်ဝိုင်းပြထားတဲ့ ပုံလေးကို ဒီ Unlocker နဲ့ ဖျက်ပြပေးထားပါတယ်..။ မိမိတို့ စက်ထဲမှာ ဖျက်မရတဲ့ ဖိုင်တွေကိုလည်း ဒီနည်းအတိုင်းပဲ သွားပြီးဖျက်ပစ်ရမှာပါ..။ Unlocker ရဲ့ ပေါ်လာတဲ့ ဘောက်စ်ထဲမှာ မိမိတို့ ဖျက်စ်လိုတဲ့ ဖိုင်ကို လိုက်ရှာပြီး ကလစ်ပေး၊ OK ပေးပါ..။



အပေါ်ပုံအတိုင်း Delete ကိုရွေးပြီး OK ပေးလိုက်ယုံပါပဲ..။ အောက်ကပုံအတိုင်း The object was deleted . ဆိုရင်တော့ Ok ထပ်ပေးလိုက်ပါ..။ ပုံမှာ မြင်ရတဲ့ အတိုင်း ကျနော် ဖျက်လိုက်တဲ့ ဖိုင်လေး (Icon) မရှိတော့ပါဘူး..။ ကျနော့်စက်ထဲမှာ ဖျက်မရတဲ့ ဖိုင်တွေ မရှိသေးတဲ့အတွက် ဒီ Icon ပုံလေးကို လေ့လာသူများ အသုံးပြုတတ်အောင် နမူနာ လုပ်ပြပေးထားခြင်းသာ ဖြစ်ပါတယ်..။ 

ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေပါစေ..။

No comments: